''ကိုကို''
ဒါကလေးငယ်ရဲ့အသံဆိုတာသေချာမှန်း Jiwoong သိတာမို့ အံ့သြခြင်းလွမ်းဆွတ်ခြင်းတွေနဲ့အတူလှည့်ကြည့်မိ၏
မျက်နှာကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက်အတိတ်က ကလေးငယ်နဲ့အကြောင်းတွေခေါင်းတွေအစီရီပေါ်လာပြီးဝမ်းနည်းစိတ်ကလှိုက်တက်လာသည်
''ကလေး ကိုကို့..ကိုကို့ဆီ ပြန်လာတာလားဟင်''
မျှော်လင့်ကြီးစွာနဲ့မေးမိတဲ့သူ့မေးခွန်းကိုကလေးငယ်ကသဘောတကျ ရယ်ရင်း အဖြေတစ်ခုပေးလာခဲ့၏
''ဟုတ်တယ် ကိုကို ဒါပေမယ့် ကိုကိုက လက်ထပ်ပြီးသွားပြီမလား''
Jiwoong ရင်ထဲနာကျင်ကာ ခံစားချက်တွေက လေဟာနယ်ထဲရောက်သွားသလို ဟာလာဟင်းလင်း ခံစားလိုက်ရ၏
''ဂုဏ်ပြုပါတယ်နော် ကျနော့်ကိုမမေ့နိုင်ပဲအသဲကွဲနေမယ်ထင်တာ အဟက်''
ကလေးငယ်၏ခနဲ့တဲ့တဲ့စကားများကိုကြားရသည့်အခါ Jiwoong ခံနိုင်ရည်မရှိခဲ့ပါ
လမ်းခွဲခဲ့ရသည့်အကြောင်းရင်းများမှာသူနောက်ဆံတင်းပြီးဆုံးဖြတ်ချက်မခိုင်မာမှုတွေကြောင့်သာဖြစ်လာရသည်မို့ကလေးငယ်အားအပြစ်မတင်ရက်ပေ
''ကိုကိုကျနော့်ကိုချစ်ရင် သူနဲ့ကွာရှင်းပြီး ကျနော့်နောက်လိုက်ခဲ့လေ''
Jiwoong ဘာပြန်ဖြေရမှန်းမသိသည်မို့ စကားသံတော်တော်နဲ့ထွက်မလာ
''အဟက် ဒီလိုဖြစ်မယ်ထင်သားပဲ အရင်ကလဲအဲ့လိုဆုံးဖြတ်ချက်တွန့်ဆုတ်ခဲ့လို့ဝေးခဲ့ရတာကို ခုထိလဲတွန့်ဆုတ်နေတုန်းပဲနော် ''
''..............''
''ကိုကို့ကိုမျှော်လင့်ပြီး ပြန်လာတဲ့ကျနော်ကအရူးထင်ပါရဲ့ ''
''နှစ်ပတ်ပဲ အချိန်ပေးပါ ကလေးငယ် ကိုကိုနှစ်ပတ်အတွင်း သူနဲ့ကွာရှင်းပြီးကလေးနောက်လိုက်ခဲ့မယ်''
Jiwoong ရဲ့အဖြေစကားကိုကြားလိုက်သည့်အချိန်တွင် ဆွန်းဝူပြုံးလိုက်ရင်း ကိုကိုကအရင်လိုအယုံလွယ်တုန်းပဲဟုတွေးလိုက်မိသည်
___________________
''Jiwoong ဆေးရုံကိုလာခဲ့ပါ မင်းဖေဖေမူးလဲလို့''