''တောင်းပန်ပါတယ် ဂျီအွန်းကိုထပ်ပြီး
ဒုက္ခမပေးပါနဲ့တော့''''မင်း ငါ့သားကိုတကယ်မချစ်တာ
သူမသိပေမဲ့ငါသိတယ်''ဆေးရုံအခန်းအတွင်းလေထုက အနည်းငယ်
ပြင်းထန်နေလျှက်။
ဂျီအွန်း၏အဖေဖြစ်သူဟာဒေါသတွေဖြင့်
ပြောဆိုနေသော်လည်း။အပြောခံရသူဟာ
တုပ်တုပ်မျှမလှုပ်။''ကျွန်တော်ကတကယ်မချစ်ဘူးတဲ့လား
အကြောင်းပြချက်ကရော''''ငါအကုန်သိတယ် ဆွန်းဝူမင်းကအလောင်းကစား
တစ်ခုလုပ်ရလို့ ဂျီအွန်းအနားကိုကပ်ခဲ့တယ်ဆိုတာ''''..........''
ထိုသူဘယ်လိုပြောပြော ဆွန်းဝူကတော့
တုန်လှုပ်ခြင်းနည်းနည်းလေးမျှမရှိ။ဟုတ်တယ်လေဘယ်သူကများသေခါနီး
အဘိုးကြီးရဲ့ခြိမ်းခြောက်စကားကို
ကြောက်နေမှာတဲ့လဲ။
အဲ့လိုပြောလို့ရိုင်းတယ်ထင်လဲဆွန်းဝူတို့က
ဂရုမစိုက်ပါ။ဟုတ်တယ်လေ သူကမှန်တာ
ပြောတာပဲဟာ။''မင်းဘက်ကအလိုက်တသိနောက်ဆုတ်ပေးရင်
ငါဒီအကြောင်းတွေဘယ်သူ့ကိုမှမပြောဘူး။''''ခြိမ်းခြောက်နေတာလား!''
''အဲ့လိုသဘောပဲပေါ့''
''အဟွန်း! ကောင်းပါပြီ''
ဆွန်းဝူဟာထိုသို့ပြောကာ ထိုင်ခုံပေါ်မှထသွား၍။
သူ၏လက်ကိုင်ဖုန်းကိုယူကာ။
နံပါတ်တစ်ခုအားဆက်သွယ်လိုက်၏။''အင်းပြော ကလေးဘာဖြစ်လို့လဲ''
''ဟာ! ကိုကိုကလဲအကြောင်းအရင်းရှိမှ
ဖုန်းဆက်ရမှာလား''''မဟုတ်ပါဘူး ကိုကိုအစည်းအဝေးလုပ်နေတာမို့''
''အာ...ဟုတ်လားအဲ့တာဆိုဒါပဲနော်''
ဆွန်းဝူဟာနဂိုရှိနေသည့် အသံလှလှလေးအပြင်
စူပုတ်ပုတ်အသံလေးကိုပါအားဖြည့်
ပြောလိုက်သောကြောင့်။''မဟုတ်တာ ကလေးလောက်ဘာမှအရေးမကြီးဘူး''
''ဘာလဲ ကိုကိုအခုကလေးဆီလာခဲ့ရမလား!''
ထိုစကားကိုကြားတော့ ဆွန်းဝူဟာ
အောင်နိုင်သူလိုပြုံးကာ။
သူ့အရှေ့မှလူဆီသို့တည့်တည့်ကြီးကြည့်ကာ
လှောင်သလိုပြုံးပြလိုက်သေး၏။