''ပြော Ricky''
တစ်ဖက်က Gyuvin ကဖုန်းကိုင်လာသည်မို့ Ricky လိုရင်းသာပြောလိုက်သည်
''ငါ့ကိုလူတစ်ယောက်အကြောင်းစုံစမ်းပေး''
''လူဆိုးလား လူဆိုးဆိုရင်တော့အခုချက်ချင်းတောင်စုံစမ်းပေးလို့ရတယ် ''
''အဲ့တာတော့တွေ့မှပြောမယ် မင်းတို့အဲ့မှာရှိကြသေးလားခုထိ ငါလာခဲ့မယ်''
''အေး ငါ့ကလေးလေးတော့ရှိသေးတယ်''
Gyuvinရဲ့ နားကြားမြင်းကပ်လောက်အောင်ကြွားလုံးထုတ်တော့မည့်စကားလုံးအရိပ်ယောင်တွေမြင်လာရသည်မို့ Ricky ဖုန်းချလိုက်တော့သည်
Ricky Gyuvin တို့နဲ့တွေ့နေကျဆိုင်ကိုရောက်တော့ သူရဲ့ချစ်လှစွာသော သူငယ်ချင်းက သူ့ကလေးလေးဟုခေါ်သည့် သူ့ရည်းစားနားတောက်တဲ့လိုကပ်နေတာကိုရိုးရာမပြတ်တွေ့လိုက်ရတော့သည်
''ပြော မင်းဘယ်သူ့အကြောင်းသိချင်တာလဲ''
ဘေးက Yujin လေးကလဲသိချင်သည့်မျက်လုံးတွေနဲ့ကြည့်နေတာမို့ Ricky အချိန်မဆွဲပဲပြောပြလိုက်တော့သည်
''Daddy သူငယ်ချင်းရဲ့သား နာမည်က Jiwoong တဲ့သူ့အကြောင်းသိချင်တာ''
Gyuvin မျက်ခုံးများပင့်တက်သွားပြီး
''ဟေ့ကောင် မင်းကလဲလူဆိုးမှမဟုတ်တာအဲ့တာဆို ငါရှာပေးလို့မရဘူးလေ ရှာပေးလိုက်ရင်ငါ့ရဲ့အဖိုးတန်စုံထောက်အလုပ်လေးပြုတ်သွားမှာပေါ့ကွာ''
Ricky သည် Gyuvin အားတစ်ချက်ကြည့်လိုက်ပြီး
''မင်းကယ်မှရမှာ Gyuvin ရဲ့ ဒါငါ့နှလုံးသားအရေးမို့ ကူညီပါကွာ''
ဘုရားရေ Ricky ဆိုတဲ့သူ့သူငယ်ချင်းက ချစ်တတ်သေးတယ်တဲ့လား ဟု Gyuvin တွေးမိပြီးထရယ်မိတော့သည်
''ဘာရယ်တာလဲ ငါတကယ်ပြောနေတာ ငါသူ့ကိုချစ်မိသွားလို့ ကူညီနော်''
Gyuvin မျက်စိရှေ့က သူ့ကိုပထမဆုံးအကြိမ်သနားစရာမျက်ဝန်းတွေနဲ့တောင်းဆိုနေတဲ့ Rickyပုံကိုကြည့်ပြီး တကယ်ကြွေနေမှန်းသေချာသွားတာကြောင့် ကူညီဖို့ဆုံးဖြတ်လိုက်ရသည်
''မင်း Daddy ကိုရောမေးမကြည့်ဘူးလား''
''မေးရင်သိသွားမှာစိုးလို့ Daddyကိုတော့မသိစေချင်သေးဘူး''