''Hyung'' ''Hyung'' လို့
ဂျီအွန်းအလုပ်လုပ်နေရင်း သူ့အားကပ်ချွဲနေသည့်အဆိုးလေးကိုမော့မကြည့်ပဲပြုံးလိုက်မိ၏
ခုနောက်ပိုင်းတအားချွဲလာသည့်အကောင်ပေါက်လေးကိုဂျီအွန်းအချစ်တွေပိုတိုးလာရပါတော့သည်တွေးနေမိတာဘယ်လောက်ကြာသွားသည်မသိ အကောင်ပေါက်လေးထံမှအော်သံကြားမှသတိပြန်ဝင်လာမိသည်
''ရှန် သွားချင်တာကိုယ်သိပေမယ့် ကိုယ်စိတ်မချလို့မလွှတ်ချင်ဘူး''
ရှန်ကသူ့သူငယ်ချင်းဂယူတို့နဲ့အတူBarသွားထိုင်ချင်သည်ဟုပူဆာနေခြင်းပင် အရင်ကလဲသွားနေကျပေမယ့် အခုတော့ဂျီအွန်းစိတ်မချနိုင်ပါ
မကောင်းတဲ့ကောင်တွေသူ့အကောင်ပေါက်လေးကိုတစ်ခုခုလုပ်ရင်သူရင်ကျိုးရချည်ရဲ့။စူပုတ်ပြီးအခန်းထဲကဆောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားတဲ့အကောင်ပေါက်လေးရဲ့ကျောပြင်ကိုကြည့်ရင်းဂျီအွန်းသက်ပြင်းချမိသည်
ချစ်မိတော့လဲမလွယ်ပါလားနော်။
________________''ဂယူရေ Hyungက မလွှတ်ဘူးတဲ့''
ရစ်ခီစကားအဆုံးမှာဂယူဘင်းရဲ့ရယ်သံတစ်ချက်ထွက်လာ၏
''မင်းဘာရယ်တာလဲ ဖုန်းထဲမှာမို့နော်အပြင်မှာဆိုငါဆွဲထိုးလိုက်ပြီ''
''ရစ်ခီရှန်တို့များကြောက်တတ်လိုက်တာနော် ဟိုကမလွှတ်ဘူးဆိုတာနဲ့တစ်ခွန်းဆိုတစ်ခွန်းပဲ ဟဲဟဲ''
''ကြောက်တာမဟုတ်ဘူးချစ်တာကွ ချစ်တာ''
လှောင်ရယ်နေသည့်ဂယူ့ရဲ့ရယ်သံတွေကိုမကြားချင်တော့၍ခွေးကောင်ဟုပြောကာဖုန်းချလိုက်တော့သည်
အကိုကသူ့အားဒီနောက်ပိုင်းတအားချုပ်ချယ်လာသည် ဘာလုပ်လုပ်ဘယ်သွားသွားသူမပါလျှင်ဘယ်မှမလွှတ်ချေ။ စကားနားမထောင်ရင်လဲဆူသေးသည်
ဒီတစ်ခါတော့ရစ်ခီအကို့အားအလျှော့မပေးနိုင်သည်မို့အကိုမသိအောင်ခိုးသွားဖို့ဆုံးဖြတ်လိုက်တော့၏။သိသွားလဲချော့လိုက်ရုံပေါ့ဟုသာတွေးထားလိုက်တော့သည်။
_________________ဂျီအွန်းအလုပ်တွေအားလုံးလက်စသတ်ပြီးနောက်နံရံထက်ရှိနာရီသို့
လှမ်းကြည့်လိုက်၏