Part 12

147 29 12
                                    

🍫Unicode

ရှီခဲ တစ်ယောက် ကားပေါ်မှဆင်းကာ ခြေလှမ်းကျယ်ကျယ်ဖြင့်
ကိုယ်ပေါ်က ဂျက်ကပ်ကို တင်းကြပ်စွာ လွှမ်းခြုံလို့ စိတ်တိုတိုဖြင့်လမ်းလျောက်သွားတော့သည်။အနောက်က ချင်ရှန်းများလိုက်လာမလားဟု နားစွင့်ကြည့်ပေမယ့်လည်း တိတ်ဆိတ်ခြင်းတို့သာ လွှမ်းခြုံနေ၏။ နောက်ဆုံးတွင် ကားမောင်းထွက်သွားသံကို ကြားရပြီး လှည့်ကြည့်မိသောအခါ သူ့ကို‌ဖြတ်ကျော်လို့ ‌ ဝေးသောအကွာအဝေးဆီသို့ပင်ရောက်သွားပြီဖြစ်၏။

ရှီခဲသည် နေရာတွင်ပင်တောင့်ခဲသွားတော့သည်။ ကားအလင်းရောင်မှိန်ပြသွားသည့် အကွာအဝေးကိုရောက်သည်အထိ
ခံစားချက်တို့ ‌မဲ့စွာ ငေးကြည့်နေပြီးနောက် ကလေးတစ်ယောက်လို ဒူးလေးပိုက်လို့ထိုင်ချလိုက်တော့သည်။ သူ့ကိုယ်ပိုင်ကားက အစ်ကိုအိမ်မြေအောက်ကားပါကင်တွင်ကျန်နေခဲ့သည်။ သူကိုယ်တိုင်ကားယူပြီးမောင်းပြန်လို့ရသည်ဆိုသော်လည်း
ချင်ရှန်းနှင့် အတူရှိချင်မိသောကြောင့် သူ့ကားပေါ်လိုက်သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။

တခါတရံ ကိုယ်တိုင်၏ ခေါင်းမာမှုအပေါ်ဒေါသထွက်မိသည်။ ခံစားချက်တို့ကို ပွင့်လင်းစွာဖော်မပြတတ်သူဖြစ်ရာ
ချင်ရှန်းက နားမလည်သည်ကိုလည်း ဒေါသထွက်ရပြန်၏။သို့သော်လည်း သူနားလည်ဖို့လည်း မလိုပေ။ ချင်ရှန်းက သူ့ကို နည်းနည်းလေးတောင် ချစ်တဲ့သူ‌မဟုတ်။

ဒီဆက်ဆံရေးတည်မြဲခြင်းက သူ့အစ်ကို ပိုက်ဆံတွေ သုံးထားခြင်းကြောင့် သာဖြစ်ရင် သူထင်နေခဲ့တဲ့ ခံစားချက်နဲ့ အမှတ်တရတွေဟာ ပုံရိပ်ယောင်မျှသာ ဖြစ်နေခဲ့တော့မလား။ တကယ့်
ခံစားချက်အစစ်အမှန်တွေက သူ့တို့နှစ်ဦးမှာရှိရော ရှိခဲ့ပါဦးမလား။

ရှီခဲ သူ့မျက်လုံးတွေကိုမှိတ်ကာ စိတ်တွေရှုပ်ထွေးနေခဲ့သည်။။ ငိုချဖို့မျက်ရည်လည်း မကျန်တော့သလို ဘယ်သူ့အတွက်ကြောင့် ၀မ်းနည်းရမယ် မသိတော့သည်က သိပ်ကို ခံရခက်လွန်းစေသည်။
ဖုန်းကိုထုတ်လိုက်ပြီး အစ်ကိုဖြစ်သူကို ခေါ်ဖို့စဉ်းစားမိသည်။
အရာအားလုံးကို အတည်ပြုဖို့အတွက်ပေါ့။

He Doesn't Love Me (他不爱我)Donde viven las historias. Descúbrelo ahora