Part 8

153 28 5
                                    

ဖုန်းမက်ဆေ့ခ်ျတို့က တစ်ဆင့် ရှီခဲနှင့် ကောင်းရှန်းတို့ အပြန်အလှန် ဆက်သွယ်ကြပြိးနောက်မှာတော့ WeChat က တစ်ဆင့် အချင်းချင်း add လိုက်ကြသည်။ ကောင်းရှန်း ၏
လက်တွဲဖော်ဆိုသူက သူ့အထက်တန်းကျောင်းကတည်းက တွဲလာခဲ့သူဖြစ်ပြီး ဆယ်စုနှစ်ကြာသည်အထိ တွဲလာခဲ့ရာမှ နောက်ဆုံးတွင် လက်ထပ်လိုက်ကြပြီဖြစ်သည်။

မကြာသေးခင်ကမှ Friend ဖြစ်ထားသည့် ကောင်းရှန်းအကောင့်ထဲက post တွေကို ဆွဲကြည့်ရင်း ချင်ရှန်းနှင့်အတူ
ပြခန်းတစ်ခုကို အတူတူအလည်သွားခဲ့သည့် post ကိုပါတွေ့လိုက်ရသည်။ ထိုထဲတွင် ပြခန်းမှ ဓာတ်ပုံတစ်ချို့လည်း ပါ၀င်ပြီး ချင်ရှန်း၏ ကိုယ်တစ်ပိုင်းရိုက်ထားသည့် ပုံတောင်ပါလိုက်သေးသည်။ ‌ ရေးထားသည့် caption မှာလည်း  ရိုးရိုးရှင်းရှင်းပင်။

「 သူငယ်ချင်းနဲ့ အတူ ဒီပျော်စရာအချိန်လေးကို ကုန်ဆုံးခဲ့တယ် 」

ထို post မှ ချင်ရှန်းမှာ မျက်ခွံတေ‌ွပင်ကွေးလို့ သူရဲ့ နှုတ်ခမ်းထောင့်တို့မှာလည်း အပေါ်ကို ကွေးညွှတ်လို့ တက်နေသည်။
ထိုကဲ့သို့  အပြုံးမှာ နှစ်လိုဖွယ်ရှိလှပြီး  ရှီခဲကိုယ်တိုင် တွေ့ဖို့ပင် ခဲယဉ်းလွန်းလှသည်။ အတိတ်က အချိန်တွေမှာ ထိုကဲ့သို့ အပြုံးကို မြင်လိုက်ရသည့် အချိန်တိုင်း သူ့နှလုံးသားလေးမှာ နူးညံ့လို့ အရည်ပျော်လုမတတ် ဖြစ်ခဲ့ရသော်လည်း အခုအချိန်မြင်လိုက်ရချိန်မှာတော့ ခါးသီးမှုတွေကိုသာ ပိုလို့ခံစားလာရ၏။

သူ့အတွက်မဟုတ်ခဲ့ပဲ တခြားသူအတွက် စိတ်လိုလက်ရ ပြုံးနေခဲ့သည့် အပြုံးများပင်မဟုတ်လား။

ချင်ရှန်း သူ့အပေါ် အကောင်းဆုံးပြုမှုဖူး‌ခဲ့တာတွေက ဒီနှစ်ကာလတစ်လျောက် သူ့တည်ရှိနေမှုကို သည်းခံနား‌လည်ပေးခဲ့ပြီး ရှီခဲကို သူ့အနားမှာ ကပ်တွယ်နေခွင့်ပေးထားခဲ့သည်တို့ဖြစ်သည်။

သူကိုယ်တိုင်က စိတ်တိုလွယ်တတ်သလို၊ အလွန်အကြူး စိတ်ခံစားလွယ်သူ ဖြစ်သည်ကို သိနားလည်ထားသည်။ သူ့အပြုအမှု‌ေတွက ချင်ရှန်းကို တခါတရံ ဒေါသထွက်စေခဲ့ပေမယ့်လည်း အခုအချိန်အထိတော့ ချင်ရှန်းက သူ့ကို အနားကထွက်သွားဖို့ မပြောခဲ့ဖူးပေ။

He Doesn't Love Me (他不爱我)Wo Geschichten leben. Entdecke jetzt