✨ Unicode
ကားတွင်းကနွေးထွေးနေပေမယ့် ရှီခဲမှာတော့ အေးစက်စက်အငွေ့အသက်တို့ကို တစိမ့်စိမ့် ခံစားနေရသည်။ ဒါက...ဒါက လုံး၀အဓိပ္ပာယ်မရှိဘူးလေ။ သူ့အစ်ကိုက ဘယ်တော့မှ ချင်ရှန်း၏ စီးပွားရေးလုပ်ငန်းတွေအပေါ် အထင်ကြီးခဲ့သူမဟုတ်ချေ။
နောက်ဆုံး ချင်ရှန်း၏ ကုမ္ပဏီ အောင်မြင်မှုတွေ ရလာပြီး သူ့ကိုင်ပိုင် အိမ်တွေ၊ ဥစ္စာပစ္စည်းတို့က်ို ၀ယ်ယူနိုင်လာသည့် တိုင်အောင်ပင် သဘောကျလက်ခံခဲ့ခြင်းမရှိ။ ထို့အပြင် ရှီခဲ့ဘက်က လက်ခံသဘောကျလာအောင် ကြိုးစားနေပါသော်လည်း
အရေးမပါသည့် အောင်မြင်မှု အသေးမွှားလောက်သာ သဘောထား၏။အစ်ကို ဖြစ်သူ ပြောလေ့ရှိသည်က
" မင်းသာ အိမ်စီးပွားရေးကို လက်လွဲယူပြီး တစိုက်မတ်မတ်လုပ်နေရင် ခဏလေးအတွင်းမှာ ချင်ရှန်းကို ကျော်လွန်ကာ အောင်မြင်မှာ။ " ဟူ၍ပင်။
ထိုအချိန်က ရှီခဲ အလွန်စိတ်ဆိုးသွားသည်ဖြစ်ရာ အစ်ကို ဖြစ်သူနှင့် လအတော်ကြာ အဆက်အသွယ်မလုပ်တော့ပေ။ နောက်ဆုံးတွင်အစ်ကိုက ကိုယ်တိုင် လာရှာကာ သူမှားသွားသည် ဖြကြောင်း တောင်းပန်စကားဆို၏။
သူလိုချင်သည်မှာ ညီဖြစ်သူ ရှီခဲ၏ ဘ၀ တစ်လျောက် ကြီးပွားတိုးတက်လို့ ကောင်းစားခြင်းကိုသာ ဖြစ်သည်။
ဘာကြောင့် ညီအစ်ကိုကြားထဲ တိုက်ခန်းအသေးလေးတွင်သာ အခြေကျနေရသည့် သူမျိုးကြောင့် ပြဿနာ အဖြစ်ခံနေရတာလဲ ဟူ၍သာ။အဆုံးသတ်မှာတော့ ရှီခဲသာ လက်လျော့လိုက်ရသည်။ ဒီထက်ပိုလို့ ထိုအကြောင်းအရာကို သူ့မိသားစုနှင့် အချင်းမများချင်တော့ပေ။ ဒါ့အပြင် သူ့နှင့် ချင်ရှန်းမှာ ဘယ်သောအခါမျှ လက်ထပ်ဖို့အထိ စဉ်းစားခဲ့သူများ မဟုတ်။ ထို့အရာများကို စိတ်ပူနေသည်က အပိုတစ်ခုမျှသာ။ တကယ်လို့ သူ့မိသားစုက ချင်ရှန်းကို သဘောမကျသည်ဆိုလည်း ရှိပါစေလေ။ ချင်ရှန်း ကိုယ်တိုင်ကလည်း သူတို့နှင့် ဘာမှ တရေးတယူ သက်ဆိုင်နေစရာအကြောင်းမရှိပဲ။
ဒါဖြင့် ဘာကြောင့်များ သူ့အစ်ကိုက ချင်ရှန်းနှင့် စီးပွားရေးကိစ္စ ဆက်နွယ်နေရသနည်းဆိုသည်က သူ့အပေါ် အံအားသင့်စေသည်။
YOU ARE READING
He Doesn't Love Me (他不爱我)
RomanceAuthor _ 池总渣 (chí zǒng zhā) Content tag _ Unrequited love ,Happy Enemies to lover ( do not own all of these novel and photo 🤝 ) #Shi Ke # Qin Shen