မောင်အလုပ်သွားသည်မို့ သူမလဲ ခြံထဲမှာပင်အချိန်ကုန်လိုက်သည်
ထိုအချိန်တွင်ဟိုဘက်ခြံမှ ကွတကွတနှင်ဒီဘက်ကိုကျော်ကြည့်နေသောရှင်းမင်ယောင်း.......
'ဟင် မင်ယောင်းရှီး'
'အာ မြင်သွားပြီပဲဟီး......'
'ဘာဖြစ်လို့လဲဟင် '
'ဒီမှာလေ ဂျီယွန်းအမျိုးသားပုံလာပြတာ'
'ဟင် မောင့်ပုံ?'
မောင့်ဘေးမှာ ခပ်ချောချောမိန်းမတစ်ယောက် ကွာလိုက်တာ....သူမနှင့်ရေနဲ့ဆီ သူမလဲအဲ့မမလောက်လှချင်သည်
'မင်ယောင်းရား.......ငါလဲအဲ့လိုမောင့်ပုံတွေပေါ်နေချင်တယ်'
'ဒါဆို ig သုံးလိုက်လေ'
Ig? သူမဒီကိုစလာတုန်းကကောင်လေးတစ်ယောက်လာတောင်းတဲ့ ig လား.......
'ဟင် အဲ့တာဘာလဲဟင်'
'မင်ယောင်းဖွင့်ပေးမယ်ဂျီယွန်းကို'
ရှင်းမင်ယောင်းက ပြဿနာကိုမီးခွက်ထွန်းရှာသလိုလုပ်လိုက်ပြီဖြစ်သည်
'ဂျီယွန်းရှီး.......ပုံလှလှလေးတစ်ပုံလောက်ရိုက်လိုက်စမ်းပါ'
'ဟင် မရိုက်တတ်ပါဘူး'
'အာ......လာလာရိုက်ပေးမယ်'
...........................................
'ဂျီယွန်းရှီး.......ဆံပင်လေးဘေးချထား ဖင်လေးနည်းနည်းပစ်ထား'
'ဟာ ခါးနာနေပြီမရတော့ဘူးကော့ထားရတာသေတော့မယ်'
'ရပြီရပြီ လှတယ်လာကြည့်'
'တစ်မျိုးကြီးနော်'
'ရော့ ဒါ acc '
'ကျေးဇူးပါမင်ယောင်းရှီး.....'
'ဟော ဂျီယွန်းအမျိုးသားရောက်ပြီထင်တယ် သွားပြီနော် ကြောက်တယ်'
'ဟုတ်'
'မောင် ပြန်လာပြီလား'
'အင်းမောင့်အလှလေး'
မောင်က မျက်နှာမကောင်းပဲပင်ပန်းနေသယောင်ရှိတာမို့ သူမဘာမှထပ်မပြောတော့ပါ
မောင်ရေချိုးပြီးရင်ဝတ်ဖို့ အဝတ်ထုတ်ပေးထားကာ ကုတင်ပေါ်မှာထိုင်စောင့်နေလိုက်သည်

YOU ARE READING
A Heart's Enchantment
Romance'မချစ်ပါဘူး ပေးစားလို့ယူထားတာ' 'လူညာကြီး' Adult cut တွေပါပါတယ် အဆင်ပြေမှဖတ်ပေးပါ