Part 19

1.6K 33 4
                                    

မျက်နှာပေါ်ကခပ်နွေးနွေးခံစားမှုကြောင့်မျက်လုံးတို့အား ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်

အချိန်သည်ကား မိုးလင်းနေပြီဖြစ်သည်

သူမ ညက မောင့်အားစိတ်ကောက်ရင်းအိပ်ပျော်သွားသည်ထင်တယ်

ကုတင်ပေါ်ရောက်နေပြီး အဝတ်အစားတို့ပြောင်းနေပုံအရ ညကမောင်ပဲအကုန်လုပ်ပေးခဲ့ပုံပေါ်သည် မို့ သဘောတကျ ပြုံးမိကာမှ

ညကဟိုမိန်းမစကားတို့ကြောင့် စိတ်ပြန်ခုသွားရသည်

မောင်စုတ် မောင်ပြတ် မောင်နာ တဏှာရူးကြီး ချစ်ကြမချစ်ဘူး လုပ်တော့လုပ်တယ် နှာဘူးကောင်ကြီး ဂျွန်ဂျောင်ကုက နှာဘူး ဟွန့်........

အတွေးတို့နှင့်ဆဲရေးဆိုလိုက်ပြီးနောက် လက်ကပါ မွေ့ရာတို့ကိုလိုက်ထုမိနေသည်

'Bby ဘာဖြစ်နေတာလဲ'

ဂျောင်ကုအမေးကြောင့် သူမ ဖြတ်ခနဲလှည့်ကြည့်လိုက်ကာ ဟွန့်ခနဲအသံပြုပြီး ကုတင်ပေါ်ကဆင်းသွားသည်

တစ်ဖက်က ဂျောင်ကုမှာလဲ

'ဟမ် ဘာဖြစ်တာလဲ စိတ်ကောက်တာလား?'

ဟုဆိုတာကာ ကြောင်တောင်တောင်နဲ့ ဖြစ်နေရသည်

ရေချိုးပြီးထဲက အခုချိန်ထိစကားမပြောတဲ့သူမကြောင့်ဂျောင်ကုတစ်ယောက်မျက်ခုံးတို့တွန့်ချိုးမိသည်

စိတ်ကောက်တာလဲ လွန်ပါရော ဘာကိုကောက်မှန်းမသိ ငါ့နှယ့် မိန်းမတွေတစ်ဒါဇင်မကတွဲခဲ့လို့ မိန်းမတွေအကြောင်းဖွတ်ကျေနေအောင်သိပြီထင်တာ ဒင်းနဲ့မှပဲ

'Bby'

'......'

'Bby လာအုံး'

အဖြေပြန်လာမသည့်အပြင် မျက်နှာကိုဟိုဘက်လှည့်ထားတာကြောင့် စိတ်တွေပိုရှုပ်လာရသည်

ဂျွန်ဂျီယွန်းတို့ကောက်ရင်ဒါမျိုးလေးပဲ

'ဂျွန်ဂျီယွန်း! မင်းမောင့်ကိုမကျေနပ်တာရှိလား'

'မသိရင် မသိသလိုနေပေါ့'

'ဘာပြောတယ် မင်းပြောလေ မောင့်ကိုဘာမကျေနပ်တာရှိလဲ'

A Heart's EnchantmentWhere stories live. Discover now