မေဘယ်လ် မိုချီလေးရဲ့အိမ်ကနေ ထွက်လာတာတစ်လပြည့်ခဲ့ပြီ
တစ်လအတွင်းမှာလဲ အလူးအလဲပါပဲ
သူမထင်တာက ဝေးသွားခဲ့ရင် ခံစားချက်တွေပြေပျက်သွားမယ်ထင်ခဲ့တာ.....
ပိုလွမ်းလာတယ် အနားမှာနေချင်တယ်
မိုချီလေးရဲ့အပြုံးလေးတွေ ပေါတောတောစရိုက်လေးတွေကအစအကုန်လွမ်းသည်မိန်းကလေးချင်းမို့ဆိုတဲ့အသိစိတ်နဲ့ သူမစိတ်ကိုသူမထိန်းချုပ်ကာအဝေးကိုထွက်ခွာမိသည်
ဘယ်လိုလိုက်ရှာရမလဲ........
ရှာလို့တွေ့ခဲ့ရင်ရော ပြန်လက်ခံပါ့မလားသူမရဲ့မိုချီလုံးလေးက အရင်လိုချစ်သေးရဲ့လား......
အတွေးတွေကို မိုးနတ်မင်းကဖြတ်တောက်စေချင်ပုံပေါ်သည်.......
ဝေါခနဲရွာချလာတဲ့မိုးကြောင့် သူမအမြန်ထီးကိုဖွင့်ကာ စတိုးဆိုင်ကိုသွားလိုက်သည်
ဘုတ်......
'အ့....... နာလိုက်တာ ချီးပဲ ထီးကိုအပေါ်မြှောက်လေစိုကုန်ပြီအခုတော့'
'အာ....မီယားနဲ အဆင်ပြေရဲ့လား'
ထိုကောင်မလေးက အပေါ်ကိုမော့မကြည့်ပဲသူမရဲ့စိုနေသောအဝတ်တို့ကိုခါချကာ ပွစိပွစိပြောသည်
သေချာကြည့်ရင်မိုချီလေးနဲ့တူသည်
'အမတောင်းပန်ပါတယ် အင်္ကျီပြန်ဝယ်ပေးပါမယ်'
'အာ.....ရတယ်နောက်သာ.........ဟင်!'
'မိုချီလေး'
'အာ....လူမှားနေတာထင်တယ် အင်္ကျီလဲ ပြန်လျော်မနေပါနဲ့'
ထွက်သွားတော့မည်ပြုနေတဲ့ကလေးမကိုသူမအမြန်လှမ်းဆွဲကာတားလိုက်သည်
ဒီတစ်ကြိမ်တော့ လက်မလွှတ်တော့ပါဘူး........
ကိုယ်တကယ်မင်းနဲ့မခွဲနိုင်ဘူးကလေးမရယ်........
'နေ....နေပါအုံး မမကိုမမှတ်မိဘူးလား'
'မှတ်မိပါတယ် ငြင်းလိုက်တဲ့အမကြီးလေ'
သူမရဲ့အဖြေကြောင့် ဟက်ခနဲရယ်ချမိသည်
ဒီကလေးမအရင်လိုပဲစိတ်ထဲရှိတာကိုချပြောတုန်း
YOU ARE READING
A Heart's Enchantment
Romance'မချစ်ပါဘူး ပေးစားလို့ယူထားတာ' 'လူညာကြီး' Adult cut တွေပါပါတယ် အဆင်ပြေမှဖတ်ပေးပါ