'ဟင်း စိတ်ညစ်ပါတယ် ရွာကနေမြို့တက်လာပါတယ် အခုဘယ်လမ်းသွားရမှန်းမသိတော့ဘူး'
'အာ....ကားလမ်းကလဲ ရှုပ်လိုက်တာ မမ ဂျီယွန်းအိမ်လိပ်စာပဲသိတာ မသွားတတ်ဘူး'
ဆယ်ဗြောတစ်ယောက် ဆိုးလ်မြို့ရဲ့ကားလမ်းတွေကြား တိုင်ပတ်နေရသည်
သူမ မှာပိုက်ဆံလဲအလုံအလောက်မပါနာကြောင့် taxi ငှားလိုက်ရင်အပိုကုန်မည်ဖြစ်သည်
သို့ပေမဲ့လည်း မငှားရင်လဲ ချောင်းပေါက်အောင်လမ်းလျှောက်ကာရှာနေရမည် ထိုကာမှဘယ်ရောက်လို့မှန်းမသိပါပဲ ရောင်းစားခံရရင်ဒုက္ခ ဟုတွေးကာ taxi တားလိုက်သည်
'ကလေးမ ဘယ်ကိုသွားမလဲ'
'ဦးလေးကြီး ဒီလိပ်စာအတိုင်းမောင်းပေးနော်
'အေးကွယ်'
သူမလဲ လမ်းသေချာမညွှန်းတတ်တာကြောင့် taxi ဦးလေးကြီးအား ရေးလာတဲ့လိပ်စာ စာရွက်သာပြလိုက်သည်
'ကလေးမ ရောက်ပြီကွဲ့'
'ဟို ဦးလေးကြီး အိမ်နံပါတ် 1021A ဆိုတာဘယ်နားမှာလဲဟင် သမီးကမရှာတတ်လို့ပါ'
'ကဲကွယ် အိမ်ရှေ့ထိပို့ပေးမယ် '
Taxi ဦးလေးကြီးက သူမအခြေအနေကိုအကဲဖမ်းတတ်သည်မို့တော်သေးသည်
'ဒီအိမ်ပဲကလေးမ'
'ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော် ဒီမှာပါ taxi ခ'
Taxi ဦးလေးကြီးလဲ မောင်းကာထွက်သွားလေပြီ
သူမအိမ်ရှေ့ရောက်တော့ တံခါးမှာ နံပါတ်တွေပါသည့်ခလုတ်တစ်ခုကိုတွေ့သည်
ဒါကိုသူမသိသည် ရုပ်ရှင်တွေထဲက လူချမ်းသာတွေအိမ်မှာရှိတဲ့ဟာ ဝင်ချင်ရင် ဘဲလ်တီးပြီး နံပါတ်နှိပ်ရတယ်
သူမလဲ ဘဲလ်ခလုတ်ကိုနှိပ်လိုက်သည်
'ဘယ်သူလဲ'
'မမဂျီယွန်း သမီးပါ ဆယ်ဗြော ဟီး......'
'ဟယ် ညီမလေး ဘယ်လိုရောက်လာတုန်း လာလာဝင်'
အထဲသို့ရောက်တော့ မမဂျီယွန်းကသူမအား အထူးအဆန်းကြည့်သည်
ဟုတ်မှာပါလေ ကြည့်ချင်စရာပဲကို
'ကဲ ရေသောက်အုံး အမောဖြေနော်ပြီးမှမမကိုအကျိုးအကြောင်းပြောပြ ဟုတ်ပြီလား'
YOU ARE READING
A Heart's Enchantment
Romance'မချစ်ပါဘူး ပေးစားလို့ယူထားတာ' 'လူညာကြီး' Adult cut တွေပါပါတယ် အဆင်ပြေမှဖတ်ပေးပါ