ဂျီယွန်းလဲ မောင့်ဘေးမှာနေကာ လာနှုတ်ဆက်သူများကိုပြန်ပြုံးပြနေရသည်
မမြင်မတွေ့ဖူးသူတွေကိုရင်းနှီးချင်သယောင်နှုတ်ဆက်နေရသောကြောင့် စိတ်ကျဥ်းကြပ်မိသည်
ထိုစဥ်
'ရော့ သောက်ကြပါအုံး'
ဝိုင်ယူသွားတဲ့ ထိုအမျိုးသမီးသည် ခနအကြာပြန်လာကာ ဝိုင်ခွက်ကိုကမ်းပေးသည်
'သောက်လို့ဖြစ်လား bby'
'ဟီး ရပါတယ်'
ဟုဆိုကာ သူမတစ်ငုံသောက်ကြည့်မိသည်
ခါးသက်ပြီးချိုသယောင်ယောင်ဖြစ်နေသောကြောင့် သူမသိပ်မကြိုက်သည်မို့ jeon ကိုခွက်ကမ်းလိုက်ကာ မောင်ကထိုဝိုင်တွေကိုတစ်ကျိုက်ထဲမော့ချပစ်သည်
'ဟား......... jk တို့များ မိန်းမရပြီးထဲက ခြေငြိမ်တဲ့သူကိုး'
'ဟက်ဟုတ်ပ ရှင်ရေ အခုလဲသူ့ဇနီးနားပဲကပ်နေလေရဲ့'
ဟု ထိုအမျိုးသမီးကကြားဖြတ်ဝင်ပြောသည်
'လာပါအုံးကွ jk ရ ငါတို့ဝိုင်းကို ဒီက ညီမလေးခေါ်သွားလို့ဖြစ်တယ်မလား'
ဂျီယွန်းလဲမောင့်အသိတွေမို့မငြင်းကောင်းတာကြောင့် ခွင့်ပြုပေးလိုက်သည်
'ဟုတ်ရပါတယ်'
'ကဲလာကွာ ထွေရာလေးပါးပြောကြရအောင် မင်းဇနီးလေးလဲခွင့်ပြုနေပြီပဲ ဘေးမှာ ထယ်ယွန်းက အဖော်ပြုပေးပါလိမ့်မယ်'
'အင်းပေါ့ ဒို့ရှိတာပဲဟာစိတ်ချပါ'
'ဟာ.....နေပါအုံး နှစ်ယောက်ထားခဲ့လို့ဖြစ်ပါ့မလား ကွ တော်ကြာ........'
'အို ဘာမဖြစ်စရာရှိလဲ ရပါတယ် အဟက်'
ဂျီယွန်းလဲထိုအကိုပြောသည်ကိုနားမလည်သလို မောင်ကလဲမျက်နှာပျက်နေလေသည်
ထို့နောက်
'Bby ခနလိုက်သွားမယ်နော် '
'ဟုတ် မောင်'
သူမနှင့် ထိုမိန်းကလေးနှစ်ယောက်ထဲကျန်ခဲ့တော့လဲ သူစိမ်းနဲ့အတူမနေတတ်သည့်သူမမှာ ပြောစရာစကားကမရှိနှင့် အနေခက်လှသည်

YOU ARE READING
A Heart's Enchantment
Romance'မချစ်ပါဘူး ပေးစားလို့ယူထားတာ' 'လူညာကြီး' Adult cut တွေပါပါတယ် အဆင်ပြေမှဖတ်ပေးပါ