LOW-KEY 1

111 12 0
                                    

LOW-KEY 1

        အခန်းအတွင်းမှာ တိုင်ကပ်နာရီရဲ့ တချောက်ချောက်မြည်သံကလွဲလို့ အရာအားလုံးက တိတ်ဆိတ်နေတယ်။ ဆေးလိပ်ငွေ့တွေ ပျံဝဲနေတဲ့ အိပ်ခန်းထဲမှာ လူနှစ်ယောက်က စကားမပြောဖြစ်ကြဘူး။ အချိန်ကလည်း ညဥ့်အတော်နက်နေပြီ။ တကယ်တော့ ရမ်ဂျွန်း က ဂျဲနို စီးကရက်သောက်တာကိုမကြိုက်ဘူး။ အဲ့အစားသူ့နှုတ်ခမ်းတွေကိုပဲနမ်းစေချင်တာ။ ဒါပေမဲ့ ဒီနေ့တော့ သူနမ်းချင်စိတ်မရှိဘူး။ ဒီလိုမျိုးမလှုပ်မရှက်နဲ့ကုတင်ပေါ်မှာလှဲပြီး မျက်နှာကြပ်ကို ကြည့်နေတာလည်း အတော်ကြာပြီ။

"ကိုကို အဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ"

     သူတို့နှစ်ယောက်အတွက် ပထမဆုံးစကားကို ဂျဲနိုက လေပြေအေးလေးနဲ့ဆိုတယ်။ ဒီတစ်ခေါက်ပြဿနာက နည်းနည်းကြီးတယ်။အင်း..ရွမ်ဂျွန်းအတွက်ပေါ့။ တစ်ဖက်မင်းသမီးက ရွမ်ဂျွန်းအပေါ် ရေလာမြောင်းပေးလုပ်နေတာ ရုပ်ရှင်လောကသားတိုင်းသိကြတယ်။ ပြဿနာတွေမဖြစ်ချင်တာကြောင့်ရော တစ်ဖက်ကနာမည်ကြီးမင်းသမီးဖြစ်နေတာကြောင့်ရော ရွမ်ဂျွန်းက ရေလိုက်ငါးလိုက်နေခဲ့တာ။ ခုကိစ္စကလည်း ဂျဲနိုနေတဲ့ ကွန်ဒိုကို သွားခဲ့ရာကနေ အကွက်ချောင်းနေတဲ့ မီဒီယာတွေရဲ့ လက်ချက်မိခဲ့တာ။

       အဲ့ဒီမင်းသမီး အဲ့ကွန်ဒိုမှာနေမှန်း ရွမ်ဂျွန်းကလုံးဝမသိခဲ့ဘူး။ ဒီလိုဆိုတော့ ပြဿနာက ရှင်းနေပြီ။ သူငယ်ချင်းဆီသွားတာပါလို့ ရွမ်ဂျွန်းဘက်က ဖြေရှင်းရင်ရပေမဲ့ ရွမ်ဂျွန်းက ဂျဲနိုနဲ့သူ့ရဲ့ဆက်ဆံရေးကို သူငယ်ချင်းအနေနဲ့တောင် publicကို ပေးမသိစေချင်ဘူး။ သေချာပြောရရင် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ခေါင်းစဉ်တပ်လို့မရဘူး။ ဂျဲနိုက အနောက်နိုင်ငံတွေအထိပေါက်နေတဲ့ ကိုရီးယားရဲ့ ထိပ်တန်းမော်ဒယ်၊ သူက ပြည်သူ့အချစ်တော် ကိုရီးယားရဲ့ နာမည် အကြီးဆုံးအနုပညာရှင်တွေထဲကတစ်ယောက်။

           သူတို့နှစ်ယောက်က ဒီလိုပဲ တစ်ပါတ်ကို သုံးလေးရက်လောက် ဂျဲနိုရဲ့ကွန်ဒိုမှာတွေ့ကြတယ်။ တစ်ခါ‌တလေ မုန့်တွေလုပ်စားတယ်၊ ရုပ်ရှင်ကြည့်ကြတယ်၊ ဘာစကားမှမပြောဘဲ တစ်ယောက်ကိုတ‌စ်ယောက်အကြာကြီး ဖက်ထားတယ်၊ ရွမ်ဂျွန်းက လိုက်ရောရင်တော့ ပူလောင်တဲ့ညလေးတွေဖြစ်သွားတတ်တယ်။ဒါပေမဲ့ ချစ်တယ်လို့ မပြောကြဘူး။ အတိအကျပြောရရင် ရွမ်ဂျွန်းဘက်က ချစ်တယ်လို့ မပြောခဲ့ဖူးဘူး။

        သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဘယ်လို နာမည်တပ်သင့်လဲ။ ဂျဲနိုနဲ့ စတွေ့တဲ့ အချိန်ကိုပြန်တွေးကြည့်ရင် သူငယ်ချင်းရဲ့ မွေးနေ့ပါတီမှာ ရွမ်ဂျွန်းက အပျော်တွေလွန်ပြီး ‌မူးအောင်သောက်ခဲ့တာ။ မနက်မိုးလင်းတော့ ကုတင်ပေါ်မှာ အဝတ်အပြည့်အစုံနဲ့နိုးလာခဲ့ပြီး  သူ့ရဲ့ ညာဘက်အခြမ်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ နာမည်ကြီးမော်ဒယ်လေးကို တွေ့ခဲ့ရတာ။ အဲ့နောက်ပိုင်း ဂျဲနိုက ရွမ်ဂျွန်းကို ဖုန်းဆက်စာပို့ပြီး အမျိုးမျိုးဆက်သွယ်ခဲ့တယ်။ ရွမ်ဂျွန်းကလည်း သူ့ထက် နှစ်နှစ်ငယ်တဲ့ ဂျဲနိုကို ဘာကြောင့်များ သူ့အနားခေါ်ထားမိသလဲ မသိတော့ဘူး။

"ဆေးလိပ်တွေမသောက်စမ်းနဲ့ ဂျဲနို"

"မောင်"

"ဟင်..."

    ဂျဲနိုရဲ့ စကားကို နားမလည်းသလိုလေး ရွမ်ဂျွန်းက ပြန်မေးတယ်။

"မောင်လို့ခေါ်ပါဆိုကိုကိုရာ.. "

   ကိစ္စတိုင်း ရွမ်ဂျွန်းစိတ်တိုင်းကျနေပေးတတ်တဲ့ဂျဲနိုက ဒီအခေါ်အဝေါ်ကလေးကိုမှဘာလို့လိုက်ကပ်ပြောနေမှန်း မသိတော့ဘူး။ တစ်ခါတလေ ဂျဲနိုက အဲ့လိုမျိုး ငဂျစ်ကောင်လေး။

"စီးကရက်တွေတော်တော့ဂျဲနို လာခဲ့ ဒီနားကို "

     ရွမ်ဂျွန်းက အဲ့လိုခေါ်တော့လည်း ချက်ချင်းဆေးလိပ်မီးသတ်ပြီး ကုတင်ဘေးကိုလာထိုင်တယ်။ ဂျဲနိုကတစ်‌ခါတလေ အဲ့လိုနာခံတတ်တဲ့ကလေးလေး။

" စီးကရက်တွေမသောက်စမ်းနဲ့ ဂျဲနိုရယ် အဲ့အစား... "

"အဲ့အစားဘာဖြစ်လဲ ကိုကို..."

       ဂျဲနိုအမေးကို ပြန်မဖြေပဲ ဂျဲနိုရဲ့ပါးနှစ်ဖက်ကို ဖိကိုင်လို့ မွတ်မွတ်သိပ်သိပ်နမ်းပစ်လိုက်မိတော့တယ်။ ရွမ်ဂျွန်းရဲ့ ရင်ထဲက အစိုင်အခဲတွေကြေသွားတဲ့အထိ......

LOW-KEY [NOREN]Where stories live. Discover now