LOW-KEY 2

64 11 0
                                    

Low-key 2

        ရွမ်ဂျွန်းနဲ့ ဂျဲနိုမတွေ့ဖြစ်ကြတာ တစ်ပါတ်လောက်ရှိပြီ။ ဂျဲနိုက show တစ်ခုအတွက် Milan ကိုရောက်နေပြီး ရွမ်ဂျွန်းကလည်း ရုပ်ရှင်ကားသစ်အတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့တယ်။ ဟိုမင်းသမီးနဲ့ ကောလဟာလကိုတော့  ဘာမှမဖြေရှင်းတော့ဘဲ ဒီတိုင်းသတင်းတွေအေးသွားအောင်ပဲစောင့်ဖို့ ရွမ်းဂျွန်က ရွေးချယ်လိုက်တယ်။ ကုမ္ပဏီက သိပ်ဖြေရှင်းပေးချင်ပုံမပြတာကြောင့်လည်းပါတယ်။

      ပရိတ်သတ်ကသဘောတူနေတဲ့ နာမည်ကြီး မင်းသားနဲ့မင်းသမီး dating ထွက်တာက သူတို့အတွက်တော့ စီးပွားရှာလို့ကောင်းတဲ့ အကွက်ပဲလေ။  ဂျဲနိုနဲ့မတွေ့တဲ့ရက်တွေမှာ ဂျဲနိုဘက်ကစာပို့ပြီး ဆက်သွယ်တာမျိုးရှိပေမဲ့ ရွမ်ဂျွန်းက လုံးဝမအားတာကြောင့် video callနဲ့‌‌ မတွေ့ဖြစ်ကြဘူး။ ဂျဲနိုရဲ့ ထမင်းစားပြီးပြီလား အလုပ်ရှုပ်နေလားစတဲ့ တီတီတာတာစကားတွေကိုလည်း အားမှပဲပြန်ဖြေဖြစ်တာ။ ရွမ်ဂျွန်းက ဒီရက်ပိုင်းမှာ အလုပ်တအားရှုပ်ပြီး စိတ်ဖိစီးနေခဲ့တာ။

📥 ကိုကို ကျွန်တော် မနက်ဖြန် ပြန်ရောက်မှာ ကိုကိုနဲ့တွေ့ချင်လိုက်တာ 💕

📤 Okလေ ကိုယ့်ကွန်ဒိုကို လာခဲ့လိုက် ဂျဲနို ကိုယ်စောင့်နေမယ်

📥  ဟုတ်ကိုကို ကျွန်တော်အလုပ်ပြန်လုပ်တော့မယ်..ချစ်တယ် 💙

📤အင်း

        ဂျဲနိုက မနက်ဖြန်ပြန်လာမှာဆိုတော့ ဟင်းတွေချက်ပြီးစောင့်နေဖို့ တွေးလိုက်တယ်။ ဂျဲနိုလည်း ကိုရီးယားအစားအသောက်တွေ လွမ်းနေလောက်ရောပေါ့။

    °°°°°°°°°°°°°°   

        ဂျဲနိုက ဒီနေ့ပြန်ရောက်မယ်ပြောတာကြောင့် ရွမ်ဂျွန်းက ဒီတစ်ရက်အတွက် အလုပ်တွေအားလုံးကို နားလိုက်တယ်။ သူလည်းတစ်ပါတ်လုံးပင်ပန်းခဲ့တာမို့ နားချိန်ရသင့်တယ်ထင်လို့။ တစ်နေကုန် စာအုပ်ဖတ်လိုက် ဖုန်းသုံးလိုက်နဲ့ နေနေလိုက်တာ အချိန်ကိုတောင်သတိမထားမိတဲ့အထိပဲ။

*Door bell ring*

   တံခါးဘဲလ်သံမြည်လာလို့ သွားဖွင့်လိုက်တော့ မျှော်လင့်ထားတဲ့အတိုင်းဂျဲနိုဖြစ်နေတယ်။ အိမ်ထဲရောက်ရောက်ချင်း ဘာစကားမှမပြောရသေးခင် တင်းတင်းကြပ်ကြပ်အဖက်ခံလိုက်ရတယ်။

LOW-KEY [NOREN]Where stories live. Discover now