Low-key 3
*ALARM RINGING *
နှိုးစက်သံကြောင့်မို့ ဂျဲနိုက နိုးလာခဲ့တယ်။ နှိုးစက်ကို လက်နဲ့ လှမ်းပိတ်ပြီး သူ့ရင်ခွင်ထဲကနေ အိမ်ချင်မူးတူးမျက်လုံးကလေးနဲ့ ကြည့်နေတဲ့ သူ့အချစ်ကလေးကို လှည့်ပြုံးပြတယ်။
" နှိုးစက်သံကြောင့်နိုးသွားတာလား "
"အင်း"
ပြန်ဖြေလာတဲ့အိပ်ချင်မူးတူးအသံကလေးက ချစ်စဖွယ်။ မောင့်အချစ်က အချိန်တိုင်း ချစ်စရာကောင်းနေတော့တာပါပဲကွာ။
"ဒါဆိုလည်းပြန်အိပ်ချင်အိပ်လေ မောင့်အချစ်ရဲ့...."
"ဟင့်အင်း...ဘယ်ချိန်ရှိပြီလဲ"
" ၈နာရီခွဲပြီ... ကိုကို့ schedule ဘယ်ချိန်လဲ"
"(၁)ခွဲမှ မင်းရော..."
" ကျွန်တော် (၁၀)နာရီကျရင် နောက်လလျှောက်ရမဲ့ ပွဲအတွက် cuttingတိုင်းစရာရှိတယ် အဲ့ဒါပြီးရင်တော့ ပြန်လာရုံပဲ ကိုကို ambassadorလုပ်တဲ့ brandလေ... ကိုကို့ဆီ ဖိတ်စာမရောက်သေးဘူးလား"
"ဪ အဲ့တစ်ခုလား ...."
ရွမ်ဂျွန်းကနောက်ဆက်တွဲ စကားကို ပြောသင့်မပြောသင့်စဉ်းစားနေတုန်းမှာပဲ... ဂျဲနိုက လေပြေအေးကလေးနဲ့ပြောလာတယ်။
" စိတ်ချပါ ပွဲကျရင် ကျွန်တော်ကိုကို့ကို လာနှုတ်မဆက်ပါဘူး "
ဂျဲနိုရဲ့လေသံက စိတ်ပျက်တဲ့လေသံမျိုးမဟုတ်ဘဲ ဒီတိုင်းရွမ်ဂျွန်း စိတ်ကြိုက်လုပ်ပေးလိုက်ရလို့ စိတ်ချမ်းသာနေတဲ့အသံမျိုးပါပဲ။ အဲ့အသံလေးကြောင့် ရွမ်ဂျွန်းက ဂျဲနိုကိုပိုပြီး အားနာလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတူရှိလာခဲ့ တစ်နှစ်ကျော်အချိန်အတွင်း ဂျဲနိုက ရွမ်ဂျွန်း မကြိုက်တာဘာတစ်ခုမှမလုပ်ခဲ့ဘူးလေ။
" ခုလို အချိန်တွေဆွဲနေရတဲ့အတွက် မင်းကို အားနာပါတယ် ငါလည်း သေချာတဲ့အဖြေတစ်ခုပေးနိုင်ဖို့ကြိုးစားနေတာမို့ ထပ်စောင့်ပေးပါဦးနော်"
အဲ့ဒီစကားကို ဂျဲနိုမျက်နှာကို မော့ကြည့်ပြီး ရွမ်ဂျွန်းကပြောနေတာ။ ဂျဲနိုကတော့ အသည်းယားလွန်းလို့ အတင်းဖက်နမ်းပစ်လိုက်တော့တာပါပဲ။ ဒီလိုဆိုတော့လည်း သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တစ်ဖက်သတ်လို့လည်းပြောလို့မရဘူးပဲ။ ဒီတိုင်းစောင့်ဆိုင်းနေဆဲအခြေအနေပေါ့လေ။
YOU ARE READING
LOW-KEY [NOREN]
FanfictionAs long as we keep this low-key You ain't even gotta love me only Unicode can available Burmese Language BxB hope you enjoy ...