Low-key 6

78 10 3
                                    

  ကားအဲကွန်းရဲ့အအေးဓာတ်ရယ် ကားပေါ်က အနံ့သင်းသင်းရယ် ခပ်တိုးတိုးရေဒီယိုသံရယ်က လွဲလို့ တိတ်ဆိတ်နေတယ်။ မန်နေဂျာ hyung ကလည်း ဘာမှမပြောသလို Renjun ကလည်း ဘာတစ်ခွန်းမှမဟခဲ့ဘူး။ Renjun လည်း ဒီကိစ္စကို လွယ်လွယ်လေးဆုံးဖြတ်ခဲ့တာတော့မဟုတ်ဘူး။ ဒါပေမဲ့ Renjunက jenoနဲ့ မခွဲနိုင်ပြန်ဘူး။

       ဒီလိုကျပြန်တော့ နာမည်ကြီးအနုပညာရှင်မဖြစ်ခဲ့ရင်ကောင်းမယ်ဆိုတဲ့ ရူးကြောင်ကြောင်အတွေးမျိုးဝင်မိတယ်။ ခုဆို Twitter မှာ သူတို့နှစ်ယောက်အကြောင်းတွေက ပလူပျံနေတာ။ အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေရော ကဲ့ရဲ့ကြတာတွေရော စုံလို့ပါပဲ။ အဓိက Jeno အပေါ် အများကြီး တိုက်ခိုက်ခံနေရတာ Actor တစ်ယောက်အပေါ်ထားတဲ့ဖန်တွေရဲ့ ခံယူချက်နဲ့ model တစ်ယောက်အပေါ် ဖန်တွေ မြင်ပုံကမတူတော့ Jenoက ဆွယ်ပြီး Renjun ကို အနားခေါ်ထားသလိုမျိုးအခြေနေထိပြောကြတာတွေရှိနေတာမို့ Renjun က ခုချိန်မှာ သူ့ရဲ့ jenoကို ပိုစိတ်ပူနေတာ။ ဟုတ်တယ်... သူ့ရဲ့ Jeno ... Renjun အပိုင် Jeno...
    
    " renjun ‌မင်းဒီည သေသေချာချာစဉ်းစားကွာ ဒီနေရာကိုမင်းလွယ်လွယ်လေးရခဲ့တာမှမဟုတ်တာ ကုမ္ပဏီနဲ့ လက်တွဲဖြုတ်လိုက်ရင် မင်းဘက်က နစ်နာမှာတွေအများကြီးပဲ အကိုပြောချင်တာ မင်းနားလည်တယ်မလား  hyungကတော့ မင်းဘယ်လမ်းသွားသွားလိုက်ခဲ့ပေးမယ် ဒါပေမဲ့ အကောင်းဆုံးနဲ့ မင်းစိတ်ချမ်းသာမယ်ထင်တဲ့လမ်းကိုရွေးကွာ..."

   "ခုလိုစကားမျိုး ကြားရတာ ကျေးဇူးတင်ပါတယ် ကျွန်တော် အသင့်တော်ဆုံးအဖြေကို ပေးနိုင်အောင်ကြိုးစားပါ့မယ်"

•••••••••••••••••••••••••••

   အခန်းထဲဝင်ဝင်ချင်း ဧည့်ခန်းဆိုဖာမှာ ဖုန်းကြည့်နေတဲ့ Jenoက မော့လို့ပြုံးပြတယ်။ Renjun က အဲ့ဒီအပြုံးလှလှလေးကိုမြင်လိုက်ရတော့ သူ့ ဆုံးဖြတ်ချက်တွေပိုသေချာသွားသလိုပဲ။

"ဒီနေ့ အလုပ်မသွားဘူးလားJeno"

"ဟုတ်ကိုကို ဒီနေ့အားတယ် ကိုကိုရော အဆင်ပြေရဲ့လား CEOက ဘာတဲ့လဲ"

"ပြေပါတယ် ကိုကို့ဘက်ကတော့ စကားအကုန်ပြောခဲ့ပြီးပြီ မနက်ဖြန်တစ်ခေါက်ဆွေးနွေးကြည့်ရဦးမှာပေါ့"

LOW-KEY [NOREN]Where stories live. Discover now