Low-key
ဆူညံနေတဲ့ သီချင်းသံတွေကိုလျစ်လျူရှုပြီး မင်သေသေနဲ့ထိုင်နေရပေမဲ့ Renjun အကြည့်တွေကတော့ တစ်နေရာတည်းကိုပဲရောက်နေတယ်။ ရှိုးပွဲပြီးလို့ after party မှာ သောက်ကြစားကြရင်း အချင်းချင်း မိတ်ဆက်ကြတဲ့အချိန်ပေါ့။ဒါပေမဲ့နေပါဦး အီဂျဲနိုက အဲ့ဒီမော်ဒယ်မလေးနဲ့ ဒီလောက်ထိပြုံးပြီး စကားပြောနေဖို့လိုလို့လား။ စကားပြောတဲ့အခါလည်း gentleman တို့ ဂုဏ်ပုဒ်နဲ့အညီ ကောင်မလေးရဲ့မျက်နှာကို သေချာကြည့်လိုက် ခက်ပြုံးပြုံးခေါင်းညိမ့်လိုက်နဲ့ လုပ်နေအမြင်ကပ်စရာ...
တကယ့်ကို အီဂျဲနိုက စကားနားထောင်လွန်းနေတာပဲ။ တစ်ချက်ကလေးတောင်လှည့်မကြည့်ဘူး။ ဟွန့်....
" Renjun Nim ပျင်းနေပြီလားဗျ.."" မပျင်းပါဘူးခင်ဗျ ဒီတစ်ခေါက် Design တွေ အတော်ကလေးလှတယ်နော်.. After partyမှာတောင် Model တွေဝတ်ထားကြတာ တကယ်အလန်းတွေချည်းပဲ Show မှာတုန်းကလည်း မျက်စိကိုမလွှဲနိုင်ဘူး "
Renjun အတွေးလွန်နေတုန်း brandရဲ့ Co.ceo ရောက်လာတာမို့ အထူးတလည်ပြန်စကားပြောရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် designတွေက တကယ့်ကို renjun အကြိုက်တွေချည်းဖြစ်နေခဲ့တာကတော့ တကယ်ပါ။
"Renjun nim ကို model တွေနဲ့မိတ်ဆက်ပေးမယ်ဗျ အဆင်ပြေရဲ့လားမသိဘူး "" ပြေပါတယ်ဗျပြေပါတယ် သွားရအောင်လေ"
"ဟုတ်ကဲ့ဒီဘက်ကိုကြွပါဗျ"
Co.Ceoဦးဆောင်ခေါ်သွားတဲ့နောက် Renjunလိုက်သွားလိုက်တယ်။
"ကဲ.. Renjun nim ဒါက ကျွန်တော်တို့ရဲ့ပင်တိုင် မော်ဒယ် အီဂျဲနို ဒီဘက်ကတော့ Emma ... ဒါကတော့ ကျွန်တော်တို့ရဲ့ brand ambassador Huang Renjun nimပါ "
"ဟုတ်ကဲ့တွေ့ရတာ အရမ်းဝမ်းသာပါတယ်ရှင် ကျွန်မက Emmaပါ Renjun nimကို တော့ ကျွန်မက သိပါတယ် ကိုရီးယားရဲ့နာမည်ကြီးမင်းသားပဲဟာကို ဟီးဟီး"
Emmaက ချစ်စရာကောင်ပြီး ကလေးဆန်မဲ့အသွင်အပြင်မျိုးလေးရှိတယ်။ စကားပြောသွက်လက်ပြီး လူတိုင်းနဲ့လိုက်ရောညီထွေဖြစ်မဲ့ပုံစံလေး။
"ဒါဆို စကားပြောကြဦးဗျနော် ကျွန်တော်တခြားဝိုင်းတွေဘက်သွားလိုက်ပါဦးမယ်"
YOU ARE READING
LOW-KEY [NOREN]
FanfictionAs long as we keep this low-key You ain't even gotta love me only Unicode can available Burmese Language BxB hope you enjoy ...