(5)ကျူးလစ်

92 7 0
                                    

" ကျူးလစ်ပန်းဟာ နှင်းဆီပြီးရင် အချစ်ရဲ့ သင်္ကေတလို့ကျော်ကြားတဲ့ ပန်းပါတဲ့။
ဝိတိုရိယခေတ်မှာတော့
ပေးကမ်းရက်ရောခြင်းရဲ့ သင်္ကေတလို့သတ်မှတ်ခဲ့ကြပါတယ်။
ကျူးလစ်တွေကို စတင်စိုက်ပျိုးခဲ့တဲ့ တူရကီ လူမျိုးတွေကတော့
ကျူးလစ်ပန်းတွေကို ကမ္ဘာမြေပေါ်က နိဗ္ဗာန်လို့ တင်စားကြပါသတဲ့။
သိပ်လှတဲ့ တင်စားမျိုး‌ပေါ့။
နွေဦးပန်းလို့လည်း ကျော်ကြားပါသေးတယ်။"

ကျူးလစ်ပန်းတွေက အန်တီမမအပြုံးလောက် မလှကြောင်းပြောပြချင်တယ်။ လူ့ဘဝကို ရောက်တုန်းမှာ
ကြုံခဲ့ရတဲ့ အန်တီမမက ကျွန်တော့်ရဲ့ နိဗ္ဗာန်ဘုံလေးတစ်ခုဖြစ်ကြောင်း ကိုလည်းပဲ ပြောပြချင်တယ်.။

အန်တီမမကို အဝါရောင် ကျူးလစ်၊ ခရမ်းရောင်ကျူးလစ်နဲ့ Variegated ရောင် ကျူးလစ်တို့ကို ပေးချင်တယ်..။

အဝါရောင်ကျူးလစ်ပန်းရဲ့ အဓိပ္ပါယ်က *မျှော်လင့်ချက်မရှိတော့တဲ့အချစ် နဲ့
မင်းအပြုံးတွေက တောက်ပတယ်* တဲ့။

ခရမ်းရောင် ကျူးလစ်ပန်းက‌တော့
*ငါမင်းကို ထာဝရချစ်နေမယ်* တဲ့။

Variegated ရောင်ကျူးလစ်ပန်းကတော့
*မင်းရဲ့ မျက်ဝန်းလေးတွေက လှတယ်*တဲ့။
_____________________
      အေးချမ်းပါစေ..။
             ချားလော့ခြည်_88 မှ

။             ချားလော့ခြည်_88 မှ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျူးလစ် (Tulip)

(#CRDpic)

I will always remember youWhere stories live. Discover now