မမချောထားသွားခဲ့တာ 9လတောင်ရှိပြီဗျာ
ဒီနေ့အတွက်ပန်းလေးကတော့ ခရမ်းရောင်ကိုအကြိုက်ဆုံးဆိုတဲ့ မမချောအတွက်
ဝမ်းနည်းခြင်းလို့အဓိပ္ပါယ်ရတဲ့
Lilies ပန်းနဲ့ငြိမ်းချမ်းခြင်းလို့ အဓိပ္ပါယ်ရတဲ့ Lavender ပန်းပါဗျာ့
စကားမစပ်.
အဲ့မှာနေရတာ အဆင်ပြေရဲ့လား
ကျန်းမာရေးရော ဘယ်လိုလဲ
ဒီမှာလိုမျိုး မနာကျင်ရတော့ဘူးထင်ပါတယ်..
ကျွန်တော်တို့ကိုရောသတိရသေးရဲ့လားဗျာ့အင်း..
အခုဆို ချစ်ရတဲ့ အန်တီမာရီယာ့ဆီကိုများရောက်နေမလား.သဇင်ပန်းလေးကို ဆွတ်ခူးဖို့မကြိုးစားဘဲ အလှကြည့်နေလေမလား.
နှင်းဆီနီနီတွေကိုရော သဘောကျသေးရဲ့လားဗျာ့.
ဂုံးဂုံးလေးကိုများ သတိရနေလေမလား.
ကျွန်တော်တို့အတွက်တော့
ဂစ်တာတီးပြီး အသံချိုချိုလေးနဲ့ သီချင်းဆိုပြတာကိုလဲသတိရသေးတယ်
Liveတွေလွှင့်တဲ့အခါတိုင်း စာမလုပ်ကြောင်းပြောရင် ဆူတက်တာလေးတွေကိုလဲ သတိရသေးတယ်
ကိုယ်က Top ပါနော် ဆိုပြီးငြင်းတာလေးတွေကိုလဲ သတိရသေးတယ်..
အန်တီမာရီယာ့ကိုကြူးတာလေးတွေကိုလဲသတိရသေးတယ်..
ကဗျာရွတ်သံလေးတွေ စာအုပ်ဖတ်ပြတဲ့အသံလေးတွေကိုလဲ သတိရတယ်..
အန်တီမေဆွိကို သိပ်သဘောကျတဲ့ အန်တီမမကိုလဲ လွမ်းတယ်..
အီတီတလီကို ကျွန်တော်နဲ့ တူတူသွားမယ်နော် ဆိုပြီးပြောခဲ့တဲ့ ဂတိကိုလဲ မတည်ခဲ့ဘူး..
တကယ်ကြီးထွက်သွားတာဗျာ ကျွန်တော်တို့ကိုတောင် ကြိုအသိမပေးခဲ့ဘူး..
စောလွန်းတယ်.
ကောင်းကောင်းမွန်မွန်အနားယူနော် သတိရတိုင်းလာရေးမယ်
အများကြီးသဘောကျတာမို့ ရောက်ရာနေရာမှာ
နာကျင်မှုကင်းဝေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီထက်မက အသက်ရှည်ရှည်နေရပါစေဗျာ..နောင်ဘဝကျရင် အီတလီသူလေးနဲ့
သေချာပေါက် ပေါင်းဖက်နိုင်ပါစေဗျာ..
_________________အေးချမ်းပါစေ
ချားလော့ခြည်_88 မှ_1.5.2024_
Lavender
Lilies
(#CRDpic)
YOU ARE READING
I will always remember you
Diversos⚠ .Fic မဟုတ်ပါ.⚠ ဒီနေ့ 1.8.2023 မှာ အန်တီမမဆုံးသွားခဲ့ပြီ.. ဒီ သတိရစာလေးတွေ လေးက အန်တီမမအတွက် ရည်ရွယ်ပြီးရေးပေးတဲ့သဘောပါ.။ 1နှစ်ပြည့်တဲ့အထိ ရေးမှာဖြစ်ပါတယ်။