(12)ရင်ဖွင့်ခြင်း.

51 3 0
                                    

ဦးစွာအနေနဲ့ အန်တီမမကို အများကြီးသတိရနေမိတယ်။

ဒီရက်ပိုင်းအရမ်းပင်ပန်းတယ်ဗျာ
အတွေးများလွန်းပြီး တအားပူပန်တက်လာတဲ့ ကိုယ့်စိတ်ကိုယ် သတ်ပစ်ချင်တဲ့အထိပေါ့
ဒါ‌ကြောင့် ဒီအတိုင်း အန်တီမမကို ရင်လာဖွင့်တဲ့သဘောပေါ့ဗျာ.

အခု ဒီရက်ပိုင်းအတွင်း နိုင်ငံရေးက မကောင်းဘူး အလျှင်အမြန်ပဲ အလင်းသွားနှုန်းလို ပိုပိုပြီးဆိုးလာတယ်..

အနာဂတ် အိမ်မက်တွေဆိုတာကလဲ လမ်းပျောက်လာတယ်.။

သွားရာလမ်းကလဲ တဖြေးဖြေး မှောင်လာလိုက်တာ တချိန်က အဖွဲ့လိုက်အုပ်စုကြီးနဲ့ မီးအိမ်ကိုယ်စီနဲ့ လင်းထိန်နေတာ အခုများ ကျွန်တော်တစ်ယောက်ထဲ ကျန်‌ရစ်နေပြီ လက်ထဲကိုင်ထားတဲ့ မီးအိမ်ရဲ့ အလင်းရောင်က မှိန်ပြပြရယ်ပဲ ရှိတော့တယ်..။

ဒါနဲ့ မနေ့ကပဲ ထုတ်ပြန်တယ်

ယောကျာ်လေးက ၁၈နှစ်မှ ၃၅နှစ်အတွင်း
မိန်းကလေးက ၁၈နှစ်မှ ၂၇နှစ်အတွင်းတဲ့

ထုတ်ပြန်တဲ့စာရင်းနှစ် အတွင်းတော့ ကျွန်တော်လွတ်ပါသေးတယ်

ဒါပေမယ့် ကျွန်တော်ကတော့လွတ်သေးတာပဲဆိုပြီး ပျော်မနေဘူး..

ကျွန်တော်အများကြီးစိတ်ပင်ပန်းရတယ်.ကျွန်တော့်အစ်ကို အမတွေ နဲ့ တစ်နိုင်ငံလုံးကိုယ်စား စိတ်မကောင်းဖြစ်နေရသလို ပူပန်နေနေရတယ်..
ကြားထဲမှာ ကိစ္စတွေအများကြီးထပ်ဖြစ်သွားပါသေးတယ်..

ကျွန်တော်ညဆို အိပ်မပျော်ဘူး ဆေးအကူယူရဖို့အထိ အခြေအနေတွေဆိုးလာတယ်..

ဘဝက ပျော်ဖို့မကောင်းတော့ဘူး.

သူငယ်ချင်းဆိုတာကလဲ ကိုယ့်ကသာ အနစ်နာ ခံပေးပြီး ကိုယ့်ဖက်ကျ ဘယ်သူမှရှိမနေ‌ပြန်ဘူး..

တဖြေးဖြေး ကိုယ့်ကိုကိုယ် သူများနဲ့ နှိုင်းလာမိတယ်..

ဘယ်အရာကိမှ အာရုံမစိုက်နိုင်တော့ဘူး..

ဖုန်းကြည့်များလို့ မျက်မှန်တပ်လာရတယ်..

ညဘက်တွေ နောက်ကျမှအိပ်ဖြစ်လာတယ်..

Overthinking သမားဖြစ်မှန်းမသိဖြစ်လာတယ်..

၂၄နာရီမှာ ၁၅နာရီလောက်က အိပ်ယာထဲမှာ လှဲရင်းပဲ ဖုန်းကြည့်ရင်းကုန်ဆုံးလာတယ်..

သိပ်ကို ပျင်းတက်လာတယ်..

ဒေါသကြီးလာတယ်..

အရာရာကို မျှော်လင့်တကြီးထားတက်လာတယ်..

စကားလုံးတွေတိုင်းကို လိုက်ခံစားတက်လာတယ်..

တစ်ဖက်လူရဲ့ အပြုအမူ သေးသေးလေးကအစ ဒေါက်ထောက်ကြည့်ပြီး ခံစားတက်လာတယ်..

အရင်က ဘာမဆို နေ့မကူးဘဲ အချိန်မဆွဲတက်တဲ့ ကျွန်တော်က တဖြေးဖြေးပျောက်ဆုံးလာတယ်.
အနားနီးမှ ကပြာကရာ ထလုပ်တက်လာတယ်..

ပြုံးဖို့တောင်ခဲရင်းလာတယ်..

ကိုယ့်ဘဝကိုယ် မပိုင်သလို ခံစားလာရတယ်..
ထိန်းချုပ်ထားအားလုံးက လက်ထဲကနေ လွတ်ထွက်သွားတယ်..

တကယ်ပါ ပတ်ဝန်းကျင် နဲ့ အပေါင်းအသင်းဆိုတာကြီးက သင်ပြလာတယ်..
အရင်က သိပ်ကို မာကျောတဲ့ ကျွန်တော်က အခုများ လေ‌ပြေ လေးဖြတ်တိုက်သွားရင်တောင် ပြိုလဲတက်လာတယ်.

ဒီအချိန်မှာ အားအနာရဆုံးကတော့ မိဘတွေပါပဲ ကျွန်တော့်အတွက် အများကြီး မျှော်မှန်းထားခဲ့တာ..
ကျွန်တော်ကတော့ မျှော်လင့်ချက်အားလုံးကို တဖြေးဖြေးနဲ့ ရိုက်ချိုးမိနေတယ်..
လူတိုင်းက ကျွန်တော့်ကို စိတ်ခွန်အားတွေပေးကြတယ်.
ဒါတွေက ကျွန်တော့် အခြေအနေတွေကို မပြောင်းလဲနိုင်တော့ဘူး..

ဒီနှစ်အတွင်း ဖြစ်ပေါ်လာတဲ့ ပျင်းတက်တဲ့စိတ်နဲ့ ဘယ်အရာကို မဆို ခံစားလွယ်တက်လာတဲ့စိတ်ကို ဖျောက်ဖျက်ဖို့ ခက်ခဲသထက် ခက်ခဲလာတယ်..

ဒီညအိပ်ပြီးရင် ၂၀၁၉မှာ အခုအခြေအနေတွေအားလုံး အိမ်မက်အဖြစ်နဲ့ ပြန်နိုးထလာဖို့ ကျွန်တော် ဆု‌တောင်းတယ်။

ကျွန်တော် တကယ်ပင်ပန်းနေတက်ပြီ..
________________
ချားလော့ခြည်_88
၁၂.၂.၂၀၂၄

I will always remember youWhere stories live. Discover now