1.7.2024
__________ထားသွားခဲ့တာ 11လပြည့်ခဲ့ပြီ
နောက်လဆို1နှစ်ပြည့်ပြီ..အချိန်တွေက တကယ်မြန်တယ်..
တစ်ရက်မှမေ့မရခဲ့ပါဘူးကျွန်တော်တို့တွေ မသိနိုင် မမြင်နိုင်တဲ့ ဘုံဘဝတစ်ခုခုမှာ ပျော်နေဖို့ ဆုတောင်းလိုက်ပါတယ်.
ကျန်းမာရေးလဲ ဂရုစိုက်ပါ.
စာတွေ ကဗျာတွေလဲ ဆက်ပြီး ရေးနိုင်ပါစေ.ဂစ်တာသံနဲ့အတူ အတွဲညီတဲ့ မမချောရဲ့ အသံလေးကိုလဲလွမ်းတယ်...
ကဗျာတွေ စာတိုတွေနဲ့ စာအုပ်တွေဖတ်ပြတဲ့အသံတွေကိုလဲလွမ်းတယ်...
Live လွှင့်တဲ့အခါတိုင်း နာမည်ခေါ်ပေးတဲ့ မမချောကိုလဲလွမ်းတယ်...
စာမလုပ်ဘဲ live လာကြည့်ကြောင်းပြောရင် စာသွားလုပ်ဖို့ ဆူတဲ့အသံလေးကိုလဲလွမ်းတယ်...
နှင်းဆီနီနီတွေမြင်တိုင်းလဲ သတိရတယ်...
အီတလီကို တူတူသွားမယ်ပြောတာလဲသတိရတယ်...
မာရီယာ့ကို ကြူးတဲ့စာတွေကိုလဲ သတိရတယ်...
မမချောနဲ့သိခဲ့ရတဲ့ တဒင်္ဂအချိန်လေးမှာ တကယ် အများကြီးပျော်ရွှင်ခဲ့ပါတယ်...
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ့.
_______________________
အေးချမ်းပါစေ..။
ချားလော့ခြည်_88 မှ
YOU ARE READING
I will always remember you
Random⚠ .Fic မဟုတ်ပါ.⚠ ဒီနေ့ 1.8.2023 မှာ အန်တီမမဆုံးသွားခဲ့ပြီ.. ဒီ သတိရစာလေးတွေ လေးက အန်တီမမအတွက် ရည်ရွယ်ပြီးရေးပေးတဲ့သဘောပါ.။ 1နှစ်ပြည့်တဲ့အထိ ရေးမှာဖြစ်ပါတယ်။