(16) 10လပြည့်

31 4 0
                                    

10လ 10လတောင်ပြည့်ခဲ့ပြီ

လတိုင်းကျွန်တော့်ဆီကစာကို စောင့်‌နေမလားမသိပေမယ့် ဒီတစ်ခါလဲ‌နောက်ကျသွားပြန်တယ်

မသိနိုင်တော့မှန်း သိပေမယ့် အန်မမဖို့ ရည်ရွယ်ပြီးရေးပေးတာဆိုတော့ သိနိုင်ဖို့ မျှော်လင့်ပါတယ်။

2ရက်နေ့ကိုကူသွားခဲ့လို့ စိတ်မကွက်ဖို့ တောင်းပန်ချင်ရဲ့။

လတိုင်း လတိုင်း ထပ်နေတဲ့စကားကိုပဲပြန်ပြောရဦးမည်..

အဆင်ပြေရဲ့လားဗျာ့ ကျန်းမာရေးလဲဂရုစိုက်ပါနော်..

ဒီနေ့လေးအတွက်တော့ မမချောသိပ်ကြိုက်တဲ့ အနီရောင်ပန်းလေးကိုရွေးချယ်ဖြစ်တယ်.. အရင်လို Google ကမလာတာမဟုတ်ဘဲ ကိုယ်တိုင်ဆွဲထားတာလေးပေါ့..။

မသေ မသက်ဖြစ်ပြီး ကျွန်တော်ကပုံဆွဲမတော်ပေမယ့် အန်တီမမအတွက်ရည်ရွယ်ပြီးဆွဲပေးတာပါ သဘောကျဖို့မျှော်လင့်မိပါရဲ့

အခြေအနေတွေကတော့ အရင်လိုပါပဲ ဘာမှပြောင်းလဲသွားတာမရှိဘူး..

အန်တီမမရဲ့ acc လေးကနေ အမြဲ memory တွေတက်နေတုန်းပဲ..

ကမ္ဘာကြီးကလဲ လည်ပတ်ဆဲ..

ဆိုးဝါးတဲ့အခြေအနေမှာ မြန်မာနိုင်ငံကလဲ ပြန်မထနိုင်သေးဘူး
တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးဖျားနာလာတယ် ကျွန်တော်စိုးရိမ်မိတယ်။

ပြောင်းလဲတာတစ်ခုတော့ရှိတယ်
အဲတာကတော့ ကျွန်တော်အိမ်စာတွေလုပ်လာတယ်

မဟုတ်လဲ အရင်လို liveမှာ စာလုပ်ဖို့ပြောတဲ့သူမှမရှိတော့တာကိုး

အတက်နိုင်ဆုံး ကိုယ့်ဘာသာကိုယ်ထိန်းကျောင်းရင်းနဲ့ပဲ အဆင်ပြေအောင်နေရတာပေါ့ဗျာ။

ကျွန်တော်ကြားဖူးတဲ့ စကားပုံလေးရှိတယ်..

ပျောက်သောသူ ရှာလျှင်တွေ့၊
သေသောသူ ကြာလျှင်မေ့ တဲ့။

ကျွန်တော်တော့ အန်တီမမကိုမ‌မေ့သေးပါဘူး အမြဲသတိရစာ ရေးဖို့နောက်ကျတက်တာမလွဲ မမေ့သေးပါဘူးဗျာ။

ဘယ်ရောက်နေမယ်မှန်းမသိပေမယ့် ပျော်အောင်နေပေးပါ

ငြိမ်းချမ်းပါစေ.။
_________________

    အေးချမ်းပါစေ
          ချားလော့ခြည်_88 မှ  _2.6.2024_

I will always remember youWhere stories live. Discover now