Chapter 3

919 35 2
                                    


ပထမဆုံး ကလေးထိန်းရန်တာဝန် ပေးအပ်ခံရခြင်း

"ရှင်းမ်ဂျိတ်ခု....ခုထိ မထသေးဘူးလား"

အောက်ထပ်မှ မဒမ်ရှင်းမ်ရဲ့ လှမ်းနိုးသံကို သူ မသဲမကွဲ ကြားနေရ၏။ ထိုမျှသာမက စကားပြောသံများနှင့် ဆူညံသံ အချို့ကပါ တညံညံဖြင့်။ မနက် (3:00)မှ အိပ်ပျော်သွားသည့် ညဇီးကွက်လေးသူ့အဖို့တော့  (9:00)နာရီတွင် ထရန်က သေချာပေါက် စောလှသည်။ ထို့အ​​ပြင် အခါတိုင်းရက်များတွင်ဆို သူမသားရဲ့ အကျင့်ကို သိနေသော မဒမ်ရှင်းမ်မှာ သူ့အား ဤကဲ့သို့ နိုးမနေပေ။ သူ အိပ်ချင်သည့် အချိန်ထိ အိပ်ခွင့်ပြုထားသော်လည်း ဒီနေ့တော့ ခဏခဏပင် အော်နှိုးနေ၏။

သူလည်း ထိုဆူဆူညံညံ အသံတို့ကြောင့် ဆက်အိပ်မနေနိုင်တော့ရာ အိပ်ရာမှ ထလိုက်ရတော့သည်။ ထို့နောက် အကျင့်အတိုင်းပင် အခန်းတံခါးကို ဖွင့်၍ တီဗွီဘေးနားရှိ ရေခဲသေတ်တာရှိရာသို့ စမ်းတစ်ဝါးဝါးဖြင့် လျှောက်လာ၏။ သူတို့အိမ်တွင် အန်တီလေးက အပေါ်ထပ်ရော၊ အောက်ထပ်တွင်ပါ ရေခဲသေတ်တာနှင့် တီဗွီ နှစ်ခုလုံး ထားထားပေးသည်။

အကြောင်းမှာကား သူမ၏ မျက်စိမွဲနေသော 'အဖိုးအိုတူပေါက်စ'လေးကြောင့်ပင်။ အနှီ မျက်စိမှုန်နေသည့် တူလေးသည် အိပ်ရာထတိုင်း ၊ အိပ်ရာဝင်သည့် အချိန်တိုင်း မျက်မှန်မတပ်ဘဲ စမ်းတဝါးဝါးဖြင့် ရေခဲသေစ်တာဆီသို့ သွားကာ ရေသောက်တတ်လေ့ရှိသောကြောင့် အောက်ထပ်သို့ မမြင်မကန်းနှင့် ဆင်းနေမှာစိုးရသဖြင့် သူမမှာ မတတ်နိုင်တော့သည့်အဆုံး အပေါ်ထပ်တွင်ပါ ဝယ်ပေးထားလိုက်သည်။ သို့မှသာ သူမလည်း စိတ်အေးရလိမ့်မည်။ တစ်ဖက်တွင်တော့ ထို တူအစုတ်ပလုတ်လေးမှာကား သေချာမမြင်ရသော်လည်း နေ့စဥ် လုပ်နေသောကြောင့် ကျွမ်းကျင်စွာပင် မျက်မှန်မပါဘဲ သွားနေနိုင်ပြီ ဖြစ်၏။

Jakeမှာ ဂျပန်ရိုးရာ ဝတ်စုံလိုမျိုး အနက်ရောင် အစင်းများပါသည့် ဒူးအထိရှည်သော ချည်သားဝတ်စုံကို ဝတ်ထားပြီး လည်ပင်တွင် ငွေရောင်ကိုင်းမျက်မှန်ကို
ဆွဲလို့ထားကာ အခုထိ မတပ်သေးပေ။ ထို့အပြင် အိပ်ရာထခါစဖြစ်၍ သူ၏ ဆံပင်များက စုတ်ဖွာဖွာလေး ဖြစ်နေကာ နဖူးပေါ်သို့ ဟိုဟိုဒီဒီ ဝဲကျနေ၏။ သူက fridge ကို ဖွင့်လိုက်ကာ ရေတစ်ဘူးကို ဆွဲယူရင်း နှုတ်မှလည်း အောက်ထပ်မှ မဒမ်ရှင်းမ်အား ရောက်တတ်ရာရာ အော်မေးနေတော့သည်။

FUTURE YOUWhere stories live. Discover now