"ခံစားချက်များအား ဆန်းစစ်ခြင်း"
ဤသို့ဖြင့် သူတို့နှစ်ယောက် မီးဖိုချောင်
အသုံးအဆောင်ပစ်စည်းများအား သွားရောက်ကြည့်ရှုကြ၏။ အနှီကောင်ငယ်လေး အီသန်မှာ စိတ်ရှည်လက်ရှည်ဖြင့်ပင်၊ အေးအေးဆေးဆေး အချိန်ယူကာ အကောင်းဆုံးဆိုသော ဖျော်ရည်စက်အား အသေအချာရွေးယူနေလေသည်။ ထိုအချိန် ဂျိတ်ခ်ရဲ့တစ်ခုတည်းသောတာဝန်က ဘေးနာမှ စင်တစ်ခုအား အသာဖွဖွမှီရပ်ရင်း ထိုကြည့်ကောင်းလွန်းသည့် ကောင်ငယ်လေးအား ငေးကြည့်နေရုံမှလွဲ တစ်ခြားမရှိတော့။ချောမောသည့် အမျိုးကောင်းသားလေးများသည် အမြဲတမ်းကြည့်ကောင်း၍ ဆွဲဆောင်မှုရှိသည်ဆိုလျှင် ထိုထက်ပို၍ဆွဲဆောင်မှုရှိသည့်အချိန်မှာ တစ်စုံတစ်ခုအား အားရုံစူးစိုက်၍ တစ်စိုက်မတ်မတ်လုပ်ဆောင်နေကြချိန်သာဖြစ်၏ဟု အများက ဆိုကြသည်။ ယခုတွင်တော့ ဤအဆိုကို ဂျိတ်ခ်လေးတစ်ယောက် အပြည့်အဝကို ထောက်ခံနေမိ၏။ သူ့မျက်ဝန်းတွေကို ထိုသူ့ထံမှ ခွာဖို့ရန် မေ့လျော့နေလိုက်သည်မှာ ကောင်ငယ်လေးက သူ့အနားသို့လာရန် လက်ယပ်ခေါ်လိုက်ချိန်ထိ။
ထိုအချိန်ထိလည်း သူ့မျက်ဝန်းတွေကို တခြားအရာတွေဆီဖယ်ခွာမသွားရသေးချေ။ သူ့မှာ ယောင်နနလေးနှင့်သာ အီသန့်နား တိုးကပ်သွားမိ၏။ နောက်ဆုံးမှ သူတစ်ဖြည်းဖြည်းသဘောပေါက်လိုက်ရသည်က ထိုကဲ့သို့ အူတူတူလေးဖြစ်သွားရခြင်းဟာ တစ်ဖက်လူ၏ ရခဲလှသည့် နွေးထွေးလွန်းသော အပြုံးလေးကြောင့်ဆိုသည်ကိုပင်။
အီသန်မှာ ရှေ့ရှိ ယခုထိတိုင်မိမိအားအကြည့်မလွဲသေးသော ဟျောင်းပေါက်စလေးကို အသည်းယားစွာ ဖျစ်ညစ်ပစ်လိုက်ချင်မိ၏။ သို့သော်ငြား အပြင်ပန်းတွင်တော့ သူ့ပုံစံမှာ အပြုံးနွေးနွေးလေးကို ဆင်မြန်းရင်းဖြင့်ပင် တည်ငြိမ်ဟန်ပေါက်သည့် ကျီစယ်စနောက်သောမေးခွန်းလေးသာ ဖွင့်ထုတ်လိုက်သည်။
"ကိုယ့်မျက်နှာက ဟျောင်းအတွက် အဲ့လောက်တောင်ဘဲ ကြည့်ကောင်းတာလား?"
ရှင်းဂျိတ်ခ်လေးတစ်ယောက်တော့ ဆက်ပြီး ယောင်နနလေးဖြစ်နေရင်းသာ ခေါင်းကိုအဆက်မပြတ်ငြိမ့်နေမိလေရဲ့။ ပီးမှဘဲ အသိဝင်သွားဟန် မျက်လုံးလေးများဝိုင်းစက်လာကာ သူအားလက်တကာကာနှင့် ရှင်းပြလာတော့၏။
![](https://img.wattpad.com/cover/348622427-288-k582385.jpg)