Chapter 7

222 21 2
                                    


ဆူပူပီးနောက် ပြန်ချော့ကာ ချီးကျူးပေးခြင်း

Jakeရဲ့ တိုက်ခန်းက ကျောင်းနဲ့ဆို သိပ်မဝေးပေ။ အညောင်းအညာပြေ (15)မိနစ်လောက် လမ်းလျှောက်ရုံနဲ့တင်ကို ရောက်နိုင်သည်။ သူ့အဖို့ ကျောင်းနဲ့ သူ့တိုက်ခန်း နီးခြင်း၊ ဝေးခြင်းကို သိပ်စိတ်ထဲထားမနေခဲ့သော်ငြား ဒီပတ်ဝန်းကျင်ကိုတော့ဖြင့် သူအလွန်နှစ်သက် သဘောကျရပါသည်။

လူအများနှင့် အသက်ရှူကြပ်မတတ်စည်ကားနေပီး၊ တစ်ခါတစ်ရံ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးအတွက် သတိထားသင့်သည့် အခြေအနေအထိ ထုတ်ပြန်ကြေငြာရတတ်သော ဤမြို့တော်၌ ဒီနေရာလေးကား သီးခြားဆန်စွာပင် တိတ်ဆိတ်ငြိမ်သက်လျက် အေးချမ်းလွန်းသည့် နိဗာန်ဘုံလေးတစ်ခု ဖြစ်ချေ၏။

ထို့အပြင် သူ့ရဲ့ ငယ်ရွယ်ပျိုမျှစ်မှုတွေကို တက်တက်ကြွကြွဖြင့် အကျိုးရှိရှိ ကုန်ဆုံးခဲ့သည်မှာလည်း ဤပတ်ဝန်းကျင်တွင်ပင်။ သူ၏ ပထမဆုံး စတင်ခဲ့သည့် စီးပွားရေး၊ သူ့ဘဝ၏ ပဏာမခြေလှမ်း စတင်ခဲ့သည့် နေရာ........။

အိမ်မှထွက်ကာ တစ်သီးတစ်ခြားခွဲနေဖို့ မိသားစုအား အသိပေးခဲ့ရုံသာ ရှိသော်လည်း ၊ ဤနေရာအား သူနှစ်သက်၍ ဖြစ်နိုင်လျှင် နီးလေ၊ ပိုကောင်းလေဟု ပြောခဲ့ခြင်း အလျဥ်း မရှိခဲ့တာတောင် ရှင်းမ်းပါပါးနှင့်မာမားတို့မှာကား သူ့အတွင်းစိတ်ကို မြင်နိုင်ခဲ့ကြသည်။

ယခုတော့ တစ်ယောက်သူအတွက်မှာ ကံကောင်းလွန်းစွာပင် ရေကန်အသင့်၊ ကြာအသင့် ဖြစ်နေလေပြီ။ Jakeတစ်ယောက် မနေနိုင်စွာ စိတ်ထဲမှ တွေးမိရသည်ကား 'Bambiရေ ~ မင်းက lucky boyလေးဘဲ ' ဟူ၏။

Jakeမှာ တိုက်ခန်း၏ ပြတင်းပေါက်တွင် ရပ်နေကာ လိုက်ကာတို့အား စုဖယ်နေရင်း အပေါ်စီးမှ မြင်ရသည့် ရှုခင်းပဒေသာတို့ကို စိတ်ကြည်နှုးစွာ ငေးမောကြည့်နေမိသည်။ သူ့အထပ်က (8)လွှာ၌ ဖြစ်၍ အတန့်အသင့်သာ မြင်နိုင်၏။ သို့သော်လည်း ပြည့်စုံနေပါပြီ။ ခပ်လှမ်းလှမ်းမှ ခန့်ငြားထည်ဝါစွာ ရပ်တည်နေသည့် 'GOF' ကို လှမ်းမျှော်ကြည့်နိုင်ပီး ၊ သူ့ကျောင်းမှအိမ်သို့ ကူးလူးရာ မေပယ်လ်ပင်ကြီးရှိသည့် လမ်းသွယ်လေးကို မြင်နိုင်သည်။ သေးငယ်လှသည့် တည်ရှိမှုမျိုးနှင့် သူ့ စီးပွားရေးလေးအားလည်း အပေါ်စီးမှ ရှုနိုင်ပါ၏။

FUTURE YOUWhere stories live. Discover now