Chapter 8

235 28 3
                                    


"အခန်းဖော်လေးမှ စိုးရိမ်ပူပန်ခြင်း နှင့် အတိတ်မှ စိုးရိမ်ထိတ်လန့်ဖွယ် ဓာတ်မတည့်မှု (ပထမပိုင်း)"

ခဏအကြာ မဒမ်ရှင်မ်းတို့ ရောက်လာ၏။ သူမနောက်မှာတော့ luggage ကိုင်ဆွဲလာတဲ့ အီသန်ပေါ့။ ဂျိခ်အမြင်မှာ သူတို့နှစ်ယောက်က ရယ်ချင်နေသေးရက်နဲ့ အောင့်အီးထားလိုက်ကြပုံ ပေါ်နေသလို။
ဒါပေမယ့်လည်း သူအခုချိန်မှာ
စိတ်ကသိကအောက်ဖြစ်ပီး ရှက်မနေတော့ဘူး။ဘာကြောင့်ဆို ပါးစပ်ထဲက
သိပ်အရသာရှိလွန်းတဲ့ ချိုချိုဆိမ့်
ဆိမ့်ထောပတ်ဖျော်ရည်လောက် အရေးပါမနေတော့လို့လေ။

ကံမကောင်းချင်တော့ သူဖျော်ရည်သောက်နေတာလည်းမြင်ရော၊ မဒမ်ရှင်မ်းရဲ့ သူမသားအပေါ် ချစ်စနိုးစနောက်ချင်ဟန်တွေက ချက်ချင်းပျောက်ကွယ်သွားပီး လေသံမာမာနဲ့ ဆူပူလာတော့သည်။ ထိုအထဲတွင် စိုးရိမ်ရိပ်များရောလျှက်နေ၏။

"ဂျိတ်ခ်....သားအခုသောက်လို့မရသေးဘူးဆိုတာ မသိဘူးလား။ ဟိုနေ့ကမှ သောက်ထားတာ ကြားထဲမှာ ဘယ်လောက်များကြာသေးလို့လဲ...ဟမ်။ ဆရာဝန်က သေချာမှာထားရက်နဲ့။ သားအဲ့တုန်းကလို ထပ်ဖြစ်သွားရင် မား...မား....."

သူမအသံတို့က အဆုံးသတ်တွင် တိုးဖျော့လို့သွားခဲ့ကာ အနည်းငယ်လည်း တုန်ယင်လာတော့သည်။ ထို့နောက် သူကတစ်ဆက်တည်းပင် သူမ၏ခင်ပွန်းအားလည်း ဆူပူလိုက်သေး၏။

"ကိုကရော သားကိုမတားတဲ့အပြင် ပေးပါသောက်လိုက်ရသေးတယ်ပေါ့။ ပြောပါအုံး...ရှင်တို့သားအဖတွေ ကျွန်မကို ​စိတ်ချမ်းချမ်းသာသာပေးမနေစေချင်ဘူးပေါ့လေ...."

ငိုတော့မည့်အရိပ်အယောင်ပါ ပေါ်လာတော့တာမို့ ဂျိတ်ခ်တို့သားအဖမှာ ကပျာကယာ အပြစ်ဝန်ခံရင်း ပြန်ချော့ကြရတော့သည်။

"မား..မား...ကြည့် သားဆက်ပီးမသောက်တော့ဘူးလေ။ ပီးတော့ ဒါက နည်းနည်းလေးရယ်။ သား ​ခုနနေ ဆေးတန်းသောက်တော့မှာ...နော်။ မား...သား ဘာမှ မဖြစ်ဘူး။ ပီးတော့ နောက်တစ်ခါ သား ခိုးမသောက်တော့ဘူးလေ။ သားဆရာဝန်ပြောစကားကို အတိအကျလိုက်နာပါ့မယ်။ မားစကားကို သေချာနားထောင်မယ်လေ နော်။ မား...မငိုပါနဲ့"

FUTURE YOUWhere stories live. Discover now