ခြောက်လတာ အခန်းဖော်လေးနှင့် မမျှော်လင့်ဘဲ တွေ့ဆုံမှုJake လည်း သူရဲ့ နားကြပ်လေးတစ်ဖက်ကို ပြန်တပ်ရင်း အေးအေးလူလူဘဲ ပြန်ထွက်လာလိုက်သည်။ ကော်ရစ်တာထောင့်ချိုး လှေကားနားရောက်တော့ ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းမြည်လာ၏။ Contact ပေါ်ရှိ နာမည်မှာကား 'Stumpy Jay' ဟူ၍...........
သူက နာမည်ကို တစ်ချက်ကြည့်လျက် ဖုန်းဖြေလိုက်သည်။
"ပြော"
တစ်ဖက်မှ မြန်မြန်ဆန်ဆန် ပြန်တုံ့ပြန်လာသည့် ထိုလူရဲ့ အသံမှာကား အနည်းငယ် စိတ်တိုနေပုံ ပေါက်နေလေရဲ့။
"ချီးကိုဘဲပြော.....မင်းကလေ ကျောင်းပီးသွားလို့ အကျင့်လေးများ နည်းနည်း ကောင်းလာမလား မှတ်ပါတယ်။ တစ်စက်လေးတောင်မှ မပြောင်းလဲသွားဘူး။ မင်းပြောထားတဲ့ ကိစ်စ ငါအားလုံး စီစဥ်ပီးသွားပီ။ အဲ့တာ ဘယ်နေ့သွားကြည့်ကြမှာလဲ။ အဆင်ပြေတဲ့ တစ်ရက်ရွေးလိုက်။ ပီးရင်လည်း မြန်မြန်တော့ အကြောင်းပြန်။
ဘယ့်နှယ်....ငါ့ရဲ့ date ရမယ့် အချိန်တွေက မင်းကြောင့်ဘဲ ပျက်ပျက်သွားရရော..."Jakeက ထိုသူ၏ တရစပ်စကားတို့ကို ကြားလိုက်ရပီးနောက် ခပ်ဆ ဆ ရယ်မော တော့သည်။ ထို့နောက် ထေ့လုံးအနည်းငယ်စွက်လျက် ပြန်ပြောလိုက်၏။
"ကောင်းတာပေါ့.... ဒါဆို နောက်အပတ်
တနင်လာနေ့ သွားကြည့်ကြမယ်လေ။ ပီးတော့ မရှိတဲ့ စော်တွေနဲ့ ဒိတ်မယ့်အကြောင်း ပြောမပီးတော့ဘူးလား။ စိတ်ကူးယဥ်တာတွေလျှော့။ ဇာတ်ကားတွေ သိပ်မကြည့်ရဘူး""Sim Jake.......မင်းကို ဒီ Papa မတွေ့မိစေနဲ့..ဟုတ်ပီလား။ မဟုတ်ရင် အရေခွံဆုတ်ပစ်မယ်။ ငါ Jay ရဲ့ဘေးမှာ ကောင်းမလေးတွေကို ပုံလို့ကွ။ ဟွန့်...ရုပ်လေးနဲ့မလိုက် အကျင့်တစ်စက်မှ မကောင်းတဲ့ puppy ကောင်"
ထိုကဲ့သို့ အားရပါးရ အော်ပီး၊ ဆိုဆဲပီးသည်နှင့် Stumpy Jay လေးတစ်ယောက်မှာ တစ်ဖက်ကို ပြန်ပြောခွင့်တောင် မပေးတော့ဘဲ တန်းဖုန်းချသွားလေတော့သည်။
Jake သဘောကျစွာပင် ရယ်မိရတော့၏။ ဤဒေါသအိုးလေးမှာ သူ၏ တစ်ဦးတည်းသော ငယ်ပေါင်းကြီးဖော် သူငယ်ချင်းလေး Park Jay ပင်။ အရပ်က 5'7"ဘဲရှိပီး ယောက်ကျားလေးများကြားတွင်တော့ သူက အရပ်ပုတဲ့ထဲ ပါ၏။
![](https://img.wattpad.com/cover/348622427-288-k582385.jpg)