အပိုင်း(၁)

531 17 1
                                    


ကျွန်မအချစ်က သိပ်ကိုရိုးရှင်းပါတယ် ဒေါက်တာ....
‌ဒေါက်တာ့ကို ပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ချစ်တာမဟုတ်ဘဲ အေးချမ်းပြီးပူလောင်ခြင်းမရှိတဲ့အချစ်မျိုးပေါ့....အင်း အစပိုင်းမှာတော့ဘယ်ဟုတ်ပါ့မလဲ...ကြာလာရင်‌တော့လဲတဖြည်းဖြည်းနေသားကျသွားတာပါဘဲ...အရှိကိုအရှိအတိုင်းလက်ခံနိုင်ဖို့ဘဲလိုတာပါ။

                              ~~~

မနက်ခင်းမှာ မိုးတွေကတဖြောက်ဖြောက်နဲ့ရွာနေပြီးအအိပ်မက်တဲ့ နွေ့အတွက်တော့အိပ်လို့ကောင်းတဲ့နေ့လေးပေါ့။စောင်ထဲကွေးနေပြီး ပြတင်းပေါက်ဖွင့်ထားတာကြောင့်လေအေးတွေက တိုးဝှေ့ကာဝင်လာကြသည်။

ခေါင်းရင်းမှာ တင်ထားသည့်ဖုန်းကိုလှမ်းယူလိုက်ကာလိုင်းဖွင့်လိုက်သည်။

*တင်...တင်...တင်...တင်....တင်*

အသံကိုMuteမလုပ်ထားမိတာကြောင့်လိုင်းဖွင့်လိုက်တာနဲ့ Groupထဲကစာတွေကတစ်တင်တင်နဲ့ဝင်လာသည်။‌နွေကဒုတိယနှစ်ကျောင်းသူမို့လို့ အတန်းထဲကဟာတွေကGroupထဲထည့်ထားခြင်းဖြစ်သည်။နေ့တိုင်းလိုလို Groupထဲကဟာ‌တွေက ဟိုပြောဒီပြောနဲ့ပြောကြမြဲပင်။စာဝင်ကြည့်လိုက်တော့....

                         at 7:45a.m

***-ဂွတ်နိုက်ပါ သူတောင်းစားတို့ရေ...

***-ီးကိုဂွတ်နိုက်လား ခွေးလေးရဲ့...

***-ကဲ" သူငယ်ချင်းတို့မနက်စောစောစီးစီးသင့်သင့်မြတ်မြတ်နေကြရအောင်

***-ဟဲ့ ဒီနေ့အတန်းလစ်ရအောင်...

***-ငါတော့ လစ်ဖို့စီစဉ်ထားပီးသား..

***-ဟျောင့် မင်းစော်နဲ့သွားချိန်းမလို့မလား...

***-စော်လို့မသုံးနဲ့ မအေဘေးရဲ့..ဒီနေ့ငါ့ကောင်မလေးနဲ့သွားဒိတ်မလို့

***-အယ်...ဟိန်းထက် ဒီတစ်ခေါက်အတည်လား...

စသဖြင့် စာတွေပို့နေကြသည်။နွေက‌တော့ ဘာမှသိပ်ဝင်ပြောလေ့မရှိပေ။နောက်ထပ်member 5ယောက်ရှိသည့်Group chatထဲဝင်ကြည့်လိုက်တော့စာပို့ထားခြင်းမရှိဘဲ ခြောက်ကပ်လို့နေသည်။လူမနေတာကြာသည့်အိမ်တောင်ဒီလောက်ခြောက်ကပ်နေမည်မထင်။

♡Doctor♡Where stories live. Discover now