ကျွန်မအချစ်က သိပ်ကိုရိုးရှင်းပါတယ် ဒေါက်တာ....
ဒေါက်တာ့ကို ပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ချစ်တာမဟုတ်ဘဲ အေးချမ်းပြီးပူလောင်ခြင်းမရှိတဲ့အချစ်မျိုးပေါ့....အင်း အစပိုင်းမှာတော့ဘယ်ဟုတ်ပါ့မလဲ...ကြာလာရင်တော့လဲတဖြည်းဖြည်းနေသားကျသွားတာပါဘဲ...အရှိကိုအရှိအတိုင်းလက်ခံနိုင်ဖို့ဘဲလိုတာပါ။~~~
မနက်ခင်းမှာ မိုးတွေကတဖြောက်ဖြောက်နဲ့ရွာနေပြီးအအိပ်မက်တဲ့ နွေ့အတွက်တော့အိပ်လို့ကောင်းတဲ့နေ့လေးပေါ့။စောင်ထဲကွေးနေပြီး ပြတင်းပေါက်ဖွင့်ထားတာကြောင့်လေအေးတွေက တိုးဝှေ့ကာဝင်လာကြသည်။
ခေါင်းရင်းမှာ တင်ထားသည့်ဖုန်းကိုလှမ်းယူလိုက်ကာလိုင်းဖွင့်လိုက်သည်။
*တင်...တင်...တင်...တင်....တင်*
အသံကိုMuteမလုပ်ထားမိတာကြောင့်လိုင်းဖွင့်လိုက်တာနဲ့ Groupထဲကစာတွေကတစ်တင်တင်နဲ့ဝင်လာသည်။နွေကဒုတိယနှစ်ကျောင်းသူမို့လို့ အတန်းထဲကဟာတွေကGroupထဲထည့်ထားခြင်းဖြစ်သည်။နေ့တိုင်းလိုလို Groupထဲကဟာတွေက ဟိုပြောဒီပြောနဲ့ပြောကြမြဲပင်။စာဝင်ကြည့်လိုက်တော့....
at 7:45a.m
***-ဂွတ်နိုက်ပါ သူတောင်းစားတို့ရေ...
***-ီးကိုဂွတ်နိုက်လား ခွေးလေးရဲ့...
***-ကဲ" သူငယ်ချင်းတို့မနက်စောစောစီးစီးသင့်သင့်မြတ်မြတ်နေကြရအောင်
***-ဟဲ့ ဒီနေ့အတန်းလစ်ရအောင်...
***-ငါတော့ လစ်ဖို့စီစဉ်ထားပီးသား..
***-ဟျောင့် မင်းစော်နဲ့သွားချိန်းမလို့မလား...
***-စော်လို့မသုံးနဲ့ မအေဘေးရဲ့..ဒီနေ့ငါ့ကောင်မလေးနဲ့သွားဒိတ်မလို့
***-အယ်...ဟိန်းထက် ဒီတစ်ခေါက်အတည်လား...
စသဖြင့် စာတွေပို့နေကြသည်။နွေကတော့ ဘာမှသိပ်ဝင်ပြောလေ့မရှိပေ။နောက်ထပ်member 5ယောက်ရှိသည့်Group chatထဲဝင်ကြည့်လိုက်တော့စာပို့ထားခြင်းမရှိဘဲ ခြောက်ကပ်လို့နေသည်။လူမနေတာကြာသည့်အိမ်တောင်ဒီလောက်ခြောက်ကပ်နေမည်မထင်။
YOU ARE READING
♡Doctor♡
Romantizmဒီဇာတ်လမ်းက သိပ်ကိုရိုးရှင်းပါတယ်.... ဒေါက်တာ့ကို ဒီအတိုင်းလေးချစ်မိသွားတာပါဘဲ... ဒီအတိုင်းလေးဆိုတာကလဲ ဒီအတိုင်းဘဲဆက်ပြီးသဘောကျနေအုံးမယ်ဆိုတဲ့သဘောပေါ့...