အခုတလောငူငူငိုင်ငိုင်ဖြစ်နေပြီး ကန်တင်းရောက်နေတာတောင်အချိုရည်ပိုက်ကိုကိုက်ကာမှိုင်နေသည့် နွေ့ကိုကြည့်ကာ စိုင်းနောင်တို့လေးယောက် အတွေးကိုယ်စီဖြင့်။ထိုအခါ ဇူးဇူးစံက စကားစလာသည်။
"ဟဲ့ အမောင်နွေ...ဘာဖြစ်နေတာလဲ နင့်ကြည့်ရတာ အရက်နာကျတဲ့သူအတိုင်းဘဲ"
အဖွဲ့ထဲမှာ ရှိန်းသူရမောင်နဲ့နွေရတီမောင်က နာမည်နောက်ဆုံးအလုံးဖြစ်တဲ့ "မောင်" ချင်းတူတာကြောင့် တခါတလေအမောင်ရှိန်း၊အမောင်နွေဟုခေါ်လေ့ရှိသည်။ဇူးဇူးစံကအဲ့လိုပြောတော့ ကျန်တဲ့သုံးယောက်ကလဲပြောလာသည်။
"အေး ငါလဲကြည့်နေတာ...ဘာဖြစ်နေတာလဲ အိမ်ကိုဓားပြတိုက်သွားလို့လား"
"ငွေရေးကြေးရေးအဆင်မပြေလို့လား ဒါမဲ့လဲမဖြစ်နိုင်ပါဘူးနင်တို့အိမ်ကအဆင်ပြေပါတယ်"
"အသဲကွဲရအောင်လဲ နင့်မှာရည်းစားမှမရှိဘဲ"
ကောင်းလိုက်တဲ့သူငယ်ချင်းတွေ။တစ်ယောက်တစ်ပေါက်စီပြောနေကြကာ အဖဲ့ခံလိုက်ရသေး။ဆွေးတာတောင်ကောင်း"မဆွေးရ။ဒေါက်တာကို ဟိုနေ့တွေ့ကတည်းကအခုထိထပ်မတွေ့ရတာကြောင့် နွေမှိုင်နေခြင်းပင်။ဒေါက်တာက လိပ်စာလဲမပေးသွား။ဖုန်းနံပါတ်မပေးဘာမပေးနဲ့ နွေ့အတွေးထဲကိုဒေါက်တာကစိုးမိုးနေသည်။ဒေါက်တာ တာဝန်ကျသည့်ဆေးရုံကိုသိပေမဲ့လည်းမသွားရဲ။ဘာကိစ္စသွားရမှာလဲ...သွားဖို့အကြောင်းပြချက်လဲမရှိ။သူနဲ့ဒေါက်တာက အဲ့လောက်ရင်းနှီးတာလဲမဟုတ်။1နာရီတောင်မပြည့်တဲ့ ခနတာတွေ့ဆုံမှုလေး။မတွေးဖို့ကိုယ့်ကိုကိုယ်သတိပေးလိုက်တိုင်း ပိုပြီးတော့တောင်ညို့ယူလွန်းသည့်ဒေါက်တာ့အကြည့်တွေမြင်ယောင်နေမိသည်။ဒေါက်တာက သူ့ကိုကျိန်စာများတိုက်သွားသလား။
"တစ်ခုမှ မဟုတ်ဘူးဟေ့...တကယ့်ကောင်တွေ ငါ့ဟာငါFeelနေတာကို ပြောလိုက်ကျတာများရစရာတောင်မရှိဘူး"
"အဲ့ဆို နင်ကဘာဖြစ်နေတာလဲ" (လေးယောက်လုံးတပြိုင်နက်ပြောသံ)
နဂိုတည်းက မူမမှန်တဲ့ခံစားချက်တွေကြောင့်စိတ်ညစ်နေပါတယ်ဆိုမှ ကျေးဇူးရှင်တွေကစစ်မေးနေတော့ ပိုလို့တောင်စိတ်ညစ်သွားသည်။
YOU ARE READING
♡Doctor♡
Romanceဒီဇာတ်လမ်းက သိပ်ကိုရိုးရှင်းပါတယ်.... ဒေါက်တာ့ကို ဒီအတိုင်းလေးချစ်မိသွားတာပါဘဲ... ဒီအတိုင်းလေးဆိုတာကလဲ ဒီအတိုင်းဘဲဆက်ပြီးသဘောကျနေအုံးမယ်ဆိုတဲ့သဘောပေါ့...