အပိုင်း(၄)

294 15 4
                                    


ဆေးရုံရောက်တော့ ကောင်တာကnurseမတစ်ယောက်ဆီလျှောက်သွားလိုက်သည်။မေမေ့ကိုတော့ အနီးနားမှာသာစောင့်ခိုင်းထားသည်။

"ဟို....ဒေါက်တာဟန်သုမေရှိလားမသိဘူး"

"ဒီနေ့ ဒေါက်တာကခွင့်ယူထားပါတယ်ရှင့်"

လွဲပြန်ပီ ဒေါက်ဝာာရယ်....

"‌ဟို ဘာလို့လဲမသိဘူး...အရင်နေ့တွေကဒေါက်တာက ဆေးခန်းထိုင်လာရှင့်"

"ဟုတ် ဒေါက်တာကဒီနေ့မှခွင့်ယူထားတာပါရှင့်....ဒေါက်တာနဲ့ကြိုချိန်းထားတာလားရှင့်"

"မချိန်းထားပါဘူး ဒီတိုင်းပါဘဲ....ဟိုလေဒေါက်တာ့ရဲ့အိမ်လိပ်စာလေး သိလားရှင့်"

"ဒေါက်တာ့ကိုယ်ရေးကိုယ်တာမို့လို့ ကျွန်မတို့ကပြောလို့မရပါဘူးရှင့်"

"အော် ဟုတ်"

နွေလဲ မေမေ့ဆီပြန်လာလိုက်ကာ ‌ဆရာဝန်ခွင့်ယူထားကြောင့်ဘာညာပြောလိုက်သည်။မေမေကတော့ တခြားဆရာဝန်နဲ့ပြဖို့ပြောနေတာကြောင့် မတတ်သာဘဲသွားလိုက်ရသည်။ဆေးထိုးလိုက်ရကာ သောက်ရမဲ့ဆေးတွေကလဲမနည်းမနော။

*******************

တစ်ပတ်လောက်ကြာသော်.......

ဒီနေ့ စိုင်းနောင်မွေးနေ့မို့လို့ 5ယောက်သားရွှေတိဂုံဘုရားရောက်နေကြသည်။စိုင်းနောင်ကအဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကိုနီညိုရောင်ပုဆိုးအကွက်ဖြင့်ဝတ်ဆင်ထားကာ ရှိန်းသူရမောင်လဲထိုနည်းတူ။ရှပ်အင်္ကျီကိုနက်ပြာရောင်ပုဆိုးအကွက်ဖြင့်တွဲဖက်ဝတ်ဆင်ထားသည်။ဇူးဇူးစံ၊လဲ့လဲ့လွင်နှင့်နွေရတီမောင်တို့သုံးယောက်က ရင်ဖုံးနှင့်ထဘီဝမ်းဆက်ဝတ်ဆင်ထားသည်။ဇူးဇူးစံက အဖြူရောင်၊လဲ့လဲ့လွင်က မိုးပြာရောင်၊နွေရတီမောင်ကျ အညိုရောင်ကိုဝတ်ဆင်ထားကာ ငါးယောက်သားအရောင်တစ်မျိုးစီဖြင့်သူ့ဟာနဲ့သူကွဲထွက်နေကြသည်။

နေ့နာမ်တွေကလဲငါးယောက်ဆို ငါးနေ့နာမ်ဖြစ်နေတာမျိုး။စိုင်းနောင်က စနေ၊ရှိန်းသူရမောင်က ကြာသပတေး၊ဇူးဇူးစံက အင်္ဂါ၊လဲ့လဲ့လွင်က တနင်္လာ၊နွေရတီမောင်က သောကြာဖြစ်သည်။ဒီလောက်ထိတူတာတစ်ခုမှမရှိပေမဲ့ သူတို့ခံစားချက်တွေတော့တူညီကြသည်။ဘယ်လိုပေါင်းဖြစ်ခဲ့ကြလဲမသိပေမဲ့ ငါးယောက်လုံးရဲ့အဖြူ‌ရောင်သံယောဇဉ်လေးကိုတော့ သူတို့သာသိလိမ့်မည်။

You've reached the end of published parts.

⏰ Last updated: Nov 12, 2023 ⏰

Add this story to your Library to get notified about new parts!

♡Doctor♡Where stories live. Discover now