အပိုင်း(၂)

209 9 0
                                    

ခြေဦးတည့်ရာလျှောက်လာလိုက်ကာ စစ်ဆေးရေးတွေနားတဲ့အဆောင်ဘက်ကိုရောက်လာသည်။ဟိုကောင် ရှိန်းသူရမောင်ကိုရှာကြည့်ပေမဲ့မတွေ့။အရှေ့နားမှာ စိမ်းနုရောင်ရင်ဖုံးနှင့်ထမီကိုဝတ်ကာဂျူတီကုတ်အဖြူထပ်ထားသည့်ဆရာဝန်မလေးတစ်ယောက်ကိုတွေ့သည်။မေးစေ့ချွန်ချွန်နဲ့ နှာတံဟာဖြောင့်စင်းနေပြီးမျက်နှာသွယ်သွယ်လေးပေါ်မိတ်ကပ်အနည်းငယ်လိမ်းထားကာ စူးရှသည့်အကြည့်များနဲ့စုံခိုက် နွေ့ရင်ထဲဒိတ်ခနဲဖြစ်သွားသည်။နွေရပ်နေတဲ့နေရာဆီကို ထိုအမျိုးသမီးကလျှောက်လာနေသည်။

ပြန်လှည့်လိုက် နွေရတီမောင်။ပြန်လှည့်လိုက်...လို့ကိုယ့်ကိုယ်ကိုယ်ပြောနေပေမဲ့ခြေထောက်တွေကမရွေ့နိုင်။ထိုအမျိုးသမီးက နွေ့အရှေ့ကိုရောက်လာပြီဖြစ်သည်။

"တို့ကို တစ်ခုလောက်ကူညီပါလား ကလေး"

စောက်ကျိုးနည်း ခေါ်တာက"ကလေး"တဲ့။လှရက်လိုက်တာ။‌ဒေါက်တာကအသားဖြူတာကြောင့် နားထင်နားမှာမွှေးညှင်းနုနုလေးတွေကအစမြင်နေရသည်။ဒေါက်တာက လှရက်လိုက်တာလူတွေရယ်.....

"ဟုတ် ပြောပါဒေါက်တာ"

ခေါ်လိုက်မိတာက "ဒေါက်တာ"တဲ့။အင်းလေ...ဒေါက်တာ့ကိုဒေါက်တာလို့ခေါ်တာမမှားပါဘူး။

"ကန်တင်းကိုသွားတဲ့လမ်း တချက်လောက်‌ ပြောပြပေးပါလား"

"အော်ဟုတ် ဒီအရှေ့တည့်တည့်သွားပြီး...အကွေ့နားရောက်ရင်ညာဘက်ကိုကွေ့လိုက်...အရှေ့ဆက်သွားရင်ကန်တင်းဘက်ရောက်ပြီ ဒေါက်တာရဲ့"

ခေါ်မိပြန်ပြီ။အခုနဲ့ဆို ဒေါက်တာလို့ခေါ်မိတာနှစ်ခေါက်ရှိပီ။မဟုတ်သေးဘူး စိတ်ထဲမှာ‌ဒေါက်တာလို့အကြိမ်ကြိမ်အော််ခေါ်နေမိတာနှစ်ခါတောင်မကတော့ဘူးဘဲ။

"ကျေးဇူးဘဲနော် ကလေး...မင်းကဘယ်မေဂျာကလဲ"

"ကျွန်မက Lawကပါ"

"အိုး...ရှေ့နေလောင်းလေးပေါ့ တို့လဲငယ်ငယ်ကရှေ့နေဖြစ်ချင်ခဲ့တာ"

"အိုး"ဆိုသည့်အသံက အံ့ဩတာလား...စိတ်ဝင်စားတာလားဆိုတာကိုနွေနားမလည်။နားထောင်လို့ကောင်းတာတော့အမှန်။ဒေါက်တာ့အသံက တခြားမိန်းကလေးတွေလိုအိညောင့်အိညောင့်နဲ့ချွဲပစ်ပစ်အသံမဟုတ်ဘဲ တည်ငြိမ်သည့်လေသံမျိုးဖြစ်သည်။

♡Doctor♡Where stories live. Discover now