အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ ခင်စန္ဒာထွန်းပါ။ မိသားစုထဲမှာတော့ တစ်ဦးတည်းသောသမီးလေးပေါ့ရှင်။ အဖေတို့အမေတို့ကတော့ချစ်စနိုးနဲ့ ခင်ခင်လို့ခေါ်ပေမယ့် ဟိုဟာမတွေအတွက်ကတော့ ထွန်းရွှေဝါ ပေါ့။ အသက်ကတော့ ၁၈နှစ်ပြည့်ပြီး အခု Harvard university မှာ scholarship ရလို့ Medical ပိုင်း မေဂျာယူထားပါတယ်။မေဂျာထပ်ခွဲရင် ခွဲစိတ်တဲ့ဘက်ပဲရွှေးမှာပါ။ ဘဲနှုတ်သီးနဲ့အကြီးတွေကို မွှေရတာတော့ကြိုက်ပါတယ်။တစ်နေ့တစ်နေ့ဘယ်လိုမွှေရမလဲအရင်စဉ်းစားပြီးမှ တစ်နေ့တာအဆင်ကိုပြေတော့တာပဲရှင်။
ကျန်တဲ့အကြောင်းအရာတွေကတော့ စာဖတ်သူတို့ပဲ လိုက်လံဖတ်ရှုပေးပါအုံး။နာမည်ကတော့ မူပိုင်ယွန်းတဲ့၊ မိသားစုမှာတော့သမီးအကြီးလေ။ ညီမတစ်ယောက်တော့ရှိပါတယ်။
အိမ်ကတော့ ယွန်းလို့ခေါ်ပေမယ့် ဘဲနှုတ်သီးလို့ခေါ်တဲ့လူရော၊ playground လို့မဆီမဆိုင်ခေါ်တာရော ရှိပါတယ်။အရှေ့က ထွန်းရွှေဝါလိုပဲ Harvard university မှာ scholarship ရပြီး medical ပိုင်း မေဂျာယူတာပေါ့။မေဂျာကထပ်ခွဲရင် ထွန်းရွှေဝါနဲ့အတူတူ ခွဲစိတ်ဆရာဝန်ပဲလုပ်မှာပါ။ ပြောရအုံးမယ် ကျွန်မက အဖွဲ့ထဲမှာအငယ်ဆုံးပါ။အကြီးေတွကိုထွန်းေရွှဝါနဲ့ေပါင်းပြီးေမွှရတာေတာ့ ဝါသနာတစ်ခုပေါ့။အဲ့တာေကြာင့်လည်းကျမတို့က Evil duo လို့ခေါ်ကြတာလေ။ကျန်တာကတော့ ဆက်ပြီးဖတ်ကြဖို့ပဲ အကြံပေးချင်ပါတယ်။
ဆုနှင်းဧကရီပါ။ တိုတိုနဲ့လိုရင်းပဲမိတ်ဆက်ပေးပါမယ်။တစ်ဦးတည်းသောသမီးဆိုတဲ့အတိုင်းကျမရဲ့မာနကတော့ ဟိမဝန္တာတောင်ထိပ်လောက်ရှိတယ်။
ဟိုသေချင်းဆိုးမလေးတွေကတော့ မာမီဆု၊ငပေတူးလို့ခေါ်ပါတယ်။ major ကတော့ Medical ပိုင်းပါ။
နောက်မေဂျာထက်ခွဲမှ အထွေထွေဆရာဝန်ပဲလုပ်မယ်လို့တွေးထားပါတယ်။ကျန်တာကတော့ အရှေ့က အမတော်တွေအတိုင်းပဲ။ ကျန်သေးတာက ကျမက အဖွဲ့ထဲမှာ အသက်ကြီးဆုံးထဲကတစ်ယောက်ဆိုပေမယ့် အရှေ့ကနှစ်ယောက်ကတော့ အကြီးကိုဘယ်လိုမှမရိုသေပါဘူး။ ကျန်တဲ့အသက်ကြီးဆုံးအမတော်အကြောင်းပဲ ဆက်ဖတ်ကြည့်ပါအုံးရှင်။နာမည်ကတော့ ရှုမဝ။ ရှမ်းပြည်ကပါ။မိသားစုငါးယောက်ရှိတယ်။အေဖရယ်၊အမေရယ်၊အကိုရယ်အမရယ်ပေါ့။ အိမ်ကတော့ထွန်းရွှေဝါလို ရှုရှုလို့ခေါ်ပေမယ့် ဟိုအကုသိုလ်မလေးတွေက ရှမဝုလို့ပြောင်းပြန်ခေါ်ကြတယ် Harvard university မှာ medical ပိုင်းရွေးတာက ဝါသနာပါလို့မဟုတ်ဘူး။အမှတ်ကများတော့ အမြင့်ဆုံးရတာပဲယူလို့အိမ်ကပြောလို့ယူတာ။နောက်မှ မေဂျာထပ်ခွဲရင် ပုံမှန်ဆရာဝန်ပဲလုပ်တာပေါ့။ဟို အမနှစ်ယောက်နဲ့တော့ အတူတူခွဲစိတ်ဆရာဝန်မလုပ်နိုင်ပါဘူး။ သူတို့မွှေချက်ကေတာ်တော်ဆိုး။အော်..ကျန်နေသေးလို့ကျွန်မကသူတို့ထဲမှာအသက်ကြီးဆုံးပါ။ ဟိုအငယ်နှစ်ကောင်ကဘယ်တော့မှမရိုသေသလိုသူတို့မွှေရင်အဆစ်ပါပါတယ်။ ဒီလောက်ပဲပြောမယ်ရှင် ကြာရင်ကျမလည်း မောလိမ့်မယ်။
YOU ARE READING
Youths of Little Flowers
Fanfictionသူငယ်ချင်းလေးယောက်ရဲ့ တက္ကသိုလ်ဘဝ တွင်ကြုံတွေ့ရသော အချစ်၊ပျော်ရွှင်စရာ၊ လွှမ်းမောဖွယ်ရာ၊ အလွဲပေါင်း သောင်းခြောက်ထောင်တို့ကို ဟာသနှော၍ရေးထားခြင်းဖြစ်ပါသည်။ စာအုပ်တွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဥ်မှုသာဖြစ်သည်။ ဖတ်ရှုပေးသော တစ်ဦးတစ်ယောက...