Love at first sight

10 1 1
                                    

တစ်ရက်၌ကျောင်းကအပြန် မူပိုင်ယွန်းတစ်ယောက် အချိန်ပိုင်းအလုပ် သို့သွားလေ၏။
အင်္ကျီဆိုင်အတွင်း၌ ချောမောသောလူငယ်တစ်ယောက်ဝင်လာ၏။
ထိုအခါ customer ဝင်လာသောကြောင့် မူပိုင်ယွန်းလည်း service ပေးရန်သွား၏။

ထို customer မှာ

Taeyoung -" ဒါရယ် ဒါရယ် ဒီဘက်ကဟာတွေအကုန်ထုတ်ပေးလိုက်၊ ကဒ်နဲ့ရှင်းမယ်"
မူပိုင်ယွန်း-" ဟုတ်ကဲ့၊ ငွေရှင်းဖို့အတွက် ဒီဘက်ကိုကြွပါရှင်"
Taeyoung-"ဒါနဲ့မင်းက ဒီမှာ အသစ်လား အလုပ်ဝင်တာ"
မူပိုင်ယွန်း-"လွန်ခဲ့တဲ့တစ်လကမှအလုပ်ဝင်တာပါ"
Taeyoung -"အဲ့တာကြောင့် ငါ့ကိုမသိတာထင်တယ်၊ငါက ဒီဆိုင်ရဲ့ VIP customer ပဲ၊ တစ်ခြားလူတွေဆို ပြာပြာသလဲဖြစ်နေတာ၊မင်းရော bonus မရချင်ဘူး"
မူပိုင်ယွန်း-"VIP ဖြစ်ဖြစ် မဖြစ်ဖြစ် ကျွန်မရဲ့ customer အပေါ်ဆက်ဆံတဲ့ပုံစံကတော့ဒီလိုပဲ၊ ဝယ်သူက ကျွန်မ ပုံစံမကြိုက်ရင် report တင်လို့ရပါတယ်"
Taeyoung -"မင်းအလုပ်ဖြုတ်ခံရှာမကြောက်ဘူးလား"
မူပိုင်ယွန်း-"အလုပ်ဖြုတ်ခံရလည်း နောက်အလုပ်တစ်ခု ကျွန်မနဲ့အဆင်ပြေတာရှာလို့ရပါတယ်၊ပြီးတော့ ကျွန်မအလုပ်မလုပ်လည်း ကျွန်မကိုကျွေးမွေးထားမဲ့လူတွေရှိတယ်"
Taeyoung -"ကောင်းတယ်၊ ဒီလိုပုံစံမှ ကြိုက်တာ၊ဒါနဲ့မင်း နာမည်က၊ တွဲနေတဲ့လူရောရှိလား၊မရှိရင် ကို နဲ့တွဲမလား၊မင်းလိုချင်တာ မှန်သမျှအကုန်ဖြည့်ဆည်းပေးမယ်လေ"
မူပိုင်ယွန်း-"sorry ပါနော်၊ကျွန်မက အချစ်ကို ငွေနဲ့ဆုံးဖြတ်တဲ့လူမဟုတ်သလို အဲ့လောက်လည်းဈေးမပေါဘူး၊ကျွန်မ လိုချင်တဲ့အရာတွေက ကျွန်မဆီမှာရှိနေသလို ကျွန်မ ကိုယ်တိုင်ရယူတယ်ရှင့်"
Taeyoung-"ဒါနဲ့ မင်းကိုတော့ လိုက်လို့ရတယ်မလား"
မူပိုင်ယွန်း-"ရှင်ကြိုးစားနိုင်သလောက်ကြိုးစားပေါ့၊အချိန်တစ်ခုရောက်ရင် သိရမယ်လေ၊ရှင့်အပေါ်တော့မူတည်တာပေါ့"
Taeyoung -"ရတယ်၊ဒါမျိုးမှ စိတ်ဝင်စားဖို့ကောင်းတာ၊ဒါနဲ့နာမည်လေး မပြောပြရသေးဘူးနော်"
မူပိုင်ယွန်း-"နာမည်က မူပိုင်ယွန်း၊ဒီလောက်ပဲရှင်သိစရာလိုတယ်၊ ကျွန်မရဲ့အလုပ်ချိန် ပြီးပြီ၊သူငယ်ချင်းကိုသွားကြိုစရာရှိသေးတယ်၊သွားနှင့်ပြီနော်"
Taeyoung -"အော် ဟုတ်ပြီ၊ကားနဲ့လိုက်ပို့ပေးရမလား"
မူပိုင်ယွန်း-"မလိုပါဘူး၊ကျွန်မရော ကျွန်မသူငယ်ချင်းက bus ကားစီးရတာပိုသဘောကျတယ်"
Taeyoung -"အဲ့တာဆိုလည်း နောက်မှတွေ့တာပေါ့"

Youths of Little Flowers Where stories live. Discover now