September 5th ဆုနှင်းဧကရီ၏မွေးနေ့
အကုန်ထူးခြားမှုသိပ်မရှိဘဲ ညနေစာကိုဆိုင်မှာပဲဝယ်စားကြဖို့သာ စီစဉ်ထားကြ၏။ကျောင်း၌ အကုန်လုံး ပုံမှန်နေ့တွေထက်စောကာရောက်နေ၏။ကျောင်းဝန်းထဲရောက်ရောက်ချင်း
Wonwoo, Jungkook, Eunwoo တို့နှင့်တွေ့လေသည်။အချင်းချင်းမိတ်ဆက်နေရင်း ရှုမဝအား Jay ဘက်ကမှ အရင်နှုတ်ဆက်သောကြောင့် ကျန်သည့်သူများနှင့် Jay လည်း သိရှိသွားကြသည်။ထို့နောက်အကုန်အတန်းမစမှီ သွားလိုရာ သွားကြရန်လမ်းခွဲလိုက်ကြရာ
Wonwoo နှင့် ခင်စန္ဒာထွန်းက စာကြည့်တိုက် သို့သွားကြပြီး
Jungkook နှင့် မူပိုင်ယွန်းက ကျောင်းအနီးအနားက convenience store သို့သွားပြီး မုန့်ဝယ်ကြသည်။
Eunwoo နှင့် ဆုနှင်းဧကရီ ကတော့ ကန်တင်းသို့သွားကြပြီး
ရှုမဝ နှင့် Jay တို့မှာ ကျောင်းရှိအနုပညာပြခန်းသို့ အသီးသီး သွားကြလေသည်။စာကြည့်တိုက်၌ Wonwoo နှင့် ခင်စန္ဒာထွန်း တို့ စာအုပ်ရွေးနေကြရင်း ခင်စန္ဒာထွန်းမှ Korean Language ဖြင့်ရေးထားသောစာအုပ်ကိုယူလိုက်၍ Wonwoo မှအံ့ဩစွာဖြင့်
Wonwoo -"ဒီဟာ translate version ရှိတာ မူရင်းversion ဖတ်နိုင်တာလား"
ခင်စန္ဒာထွန်း-"ကျွန်မဖတ်တတ်တယ်ရှင့်"
Wonwoo -"အဲ့တာဆို Korean language ကိုပါ ပြောတတ်တာလား"
ခင်စန္ဒာထွန်း-"ဒီကိုမလာခင်ကတည်းကသင်ထားတာပါ"
Wonwoo -"အဲ့တာဆို သူငယ်ချင်းတွေလည်းပြောတတ်တာလား"
ခင်စန္ဒာထွန်း-"ဟုတ်တယ် သူတို့လည်းပြောတတ်တယ်၊ဒါနဲ့အကိုကဘယ်စာအုပ်ရွေးတာလဲဟင်"
Wonwoo -"အော် ဒီစာအုပ် လေ မဖတ်ဘူးသေးဘူး ဖတ်ကြည့်မလားလို့လေ"စာဖတ်ရန်နေရာရွေးပြီးသော် နေရာ၌ထိုင်ပြီးစာဖတ်နေကြ၏။ထို့နောက် ခင်စန္ဒာထွန်းက စာဖတ်နေရင်း သီချင်းနားထောင်ရန် နားကြပ်ထုတ်လိုက်ကာ Wonwooနှင့် အတူတူသီချင်း နားထောင်ကြ၏။
Wonwoo မှာတော့ စာဖတ်ရန်အာရုံမရဘဲ ခင်စန္ဒာထွန်းအား ငေးကြည့်နေမိ၏။ခင်စန္ဒာထွန်းသတိထားမိမည်လည်းစိုးရိမ်ရင်း နှလုံးခုန်နှုန်းတွေက မြန်ဆန်လာသည်။
ဒီလိုနှင့် အတန်းချိန်နီးသောအခါ ခင်စန္ဒာထွန်းကပင် အရင်နှုတ်ဆက်၍ပြန်သွား၏။ Wonwoo မှာတော့ ရင်တွေခုန်ရင်းကျန်ခဲ့လေ၏။
YOU ARE READING
Youths of Little Flowers
Fanficသူငယ်ချင်းလေးယောက်ရဲ့ တက္ကသိုလ်ဘဝ တွင်ကြုံတွေ့ရသော အချစ်၊ပျော်ရွှင်စရာ၊ လွှမ်းမောဖွယ်ရာ၊ အလွဲပေါင်း သောင်းခြောက်ထောင်တို့ကို ဟာသနှော၍ရေးထားခြင်းဖြစ်ပါသည်။ စာအုပ်တွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဥ်မှုသာဖြစ်သည်။ ဖတ်ရှုပေးသော တစ်ဦးတစ်ယောက...