ခင်စန္ဒာထွန်း၊မူပိုင်ယွန်း၊ဆုနှင်းဧကရီ၊ရှုမဝ တို့လေးယောက် ပုံမှန်ရက်များအတိုင်းနေ့စဉ်ဘဝ ကို ဖြတ်သန်းလာကြရာ တဖြည်းဖြည်း ဒီဇင်ဘာကျောင်းပိတ်ရက်နှင့် နီးလာ၏။ ထိုသို့နီးလာသည်နှင့် တစ်ပြိုင်နက် မိမိတို့၏ ထာဝရနွေးထွေးသော ရင်ခွင်အမြဲရှိသည့် မိဘ အိမ်သို့ ပြန်ရန် ပြင်ဆင်ကြ၏။ မပြန်ခင် မိဘများအား ကန်တော့ရန် လက်ဆောင်များလည်း ဝယ်ကြ၊ အဝတ်အစားများလည်း ထည့်လိုက်၊ ပိတ်ရက်၌ ပြန်ကြမည်ဖြစ်သောကြောင့် လေယာဉ်လက်မှတ်မှာလည်း ဝယ်ရခက်သည်။
တက္ကသိုလ်ရဲ့ ကန်တင်း၌ လေးယောက်သားထိုကိစ္စများကိုဆွေးနွေးနေကြ၏။
မူပိုင်ယွန်း- " လေယာဉ်လက်မှတ်က ဝယ်ရခက်သား ပိတ်ရက်ရာသီဆိုတော့"
ခင်စန္ဒာထွန်း-" ဈေးက နည်းနည်းတော့ကြီးပေမယ့် ငါတို့တွေ လက်မှတ်ဝယ်ရတာအဆင်မပြေရင် First Class ကနေပဲစီးမလား၊ အဲ့ဘက်က နည်းနည်းတော့ လူချောင်တယ်၊ နှစ်ကုန် ဘတ်ဂျက် ကလည်း ပိုသေးတယ်ဆိုတော့ ရလောက်ပါတယ်"
ရှုမဝ - " လက်မှတ်ကိစ္စရပြီဆို အကုန်လုံးကအိမ်ကိုပြန်မှာဆိုပေမယ့် အကုန်လုံးရဲ့အိမ်တွေကလည်း နီးတာမဟုတ်ဘူး၊ပြီးတော့ ငါ့အမ မင်္ဂလာဆောင်ကလည်းရှိသေး၊နင်တို့ကလည်းလာမှာဆိုတော့၊ ဘယ်လိုလုပ်မလဲ"
ဆုနှင်းဧကရီ-" ဒီလိုလုပ်မလား၊ ဒီတစ်ခေါက်မှာ ရှမဝု နဲ့အထွန်း အိမ်က သွားမဲ့လမ်းကြောင်းမှာဆိုတော့ ပိတ်ရက်က ၁၀ရက် ၊ ငါတို့က ဟိုကိုရောက်ရင် တစ်ရက်ေမြာက်နေ့ပဲထား၊ အဲ့အချိန် ငါနဲ့ ဘဲနှုတ်သီးက အိမ်ကိုပြန်မယ် ၊ရှမဝု က အထွန်း အိမ်ခဏလိုက်နေလိုက် ၃ရက်ပဲ ပြီးရင် ငါနဲ့ အဂွက်က ရန်ကုန်တက်လာတဲ့အချိန်ကျမှ အထွန်းက သူ့ကားကိုမောင်းပြီး ငါတို့ကိုတောင်ကြီးလိုက်ပို့ပေါ့"
ခင်စန္ဒာထွန်း-"လိုက်ပို့ပေးတာထားပါအုံး၊ ကားဓာတ်ဆီဖိုး ဘယ်သူပေးမှာလဲ၊မသွားခင် ကားတွေဘာတွေဆေးတာကရော ဆေးခက ဘယ်သူပေးမှာလဲ၊ လမ်းမှာစားစရိတ်တွေကရော ငါအကုန်စိုက်ပေးမယ်များထင်နေလား၊ နင်တို့လည်း စိုက်ရမှာနော်"
YOU ARE READING
Youths of Little Flowers
Fanficသူငယ်ချင်းလေးယောက်ရဲ့ တက္ကသိုလ်ဘဝ တွင်ကြုံတွေ့ရသော အချစ်၊ပျော်ရွှင်စရာ၊ လွှမ်းမောဖွယ်ရာ၊ အလွဲပေါင်း သောင်းခြောက်ထောင်တို့ကို ဟာသနှော၍ရေးထားခြင်းဖြစ်ပါသည်။ စာအုပ်တွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဥ်မှုသာဖြစ်သည်။ ဖတ်ရှုပေးသော တစ်ဦးတစ်ယောက...