ကျွန်တော်ဂျီမင်းလက်ခံလာတဲ့အထိ နေကြာတွေပေးပြီးလိုက်ပိုးမှာမလို့ နည်းနည်းလောက်ပြန်ချစ်ပေးပါ။
___________________
ဘူဆန်ကိုပြန်ရောက်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ ပထမကတော့ မွေးနေ့နီးမှလာမယ်လုပ်ထားပေမဲ့ မေမေကရုတ်တရက်ကြီးနေမကောင်းဖြစ်လို့ စောစောရောက်လာခဲ့ရသည်။
ဒီတပတ်အတွင်းမှာကျွန်တော်ဆိုးလ်ကိုတက်ပြီးနေရာအနှံ့မှာဂျီမင်းကိုရှာခဲ့ပါသေးတယ်။ ဒါပေမယ့်ခုထိရှာလို့မတွေ့ခဲ့ဘူး။ ဂျီမင်းကပဲ ပုန်းကောင်းနေတာလား။ ကျွန်တော်ကပဲရှာတာညံ့နေတာလားဆိုတာမသိတော့ပါဘူးဗျာ။
မေမေနေမကောင်းတော့ မေမေ့အစားကျွန်တော်က ကူပြီး ပန်းဆိုင်လေးကိုဖွင့်ထားခဲ့သည်။ အရင်ကလူတွေသိပ်မကျတဲ့ဆိုင်လေးက ကျွန်တော်လည်းရောက်လာရောဝယ်သူတွေ တအားကျလာတော့သည်။
မေမေကတော့ ငါ့သားလေးရဲ့မျက်နှာချောချောလေးကြောင့်ကြွေသွားပုံရပြီး လာဝယ်ကြတာနေမယ်လို့တောင် ရွှတ်နောက်နောက်ပြောသေးသည်။ အဲ့တာဆို ဂျီမင်းကရောကျွန်တော့်ကို နည်းနည်းလေးတောင်စိတ်မယိုင်ခဲ့ဘူးလားဆိုတဲ့ မဆီမဆိုင်မေးခွန်းကိုဖြေပေးနိုင်တဲ့သူရှိရင်ကောင်းမယ်။
"ဒီနေ့လည်းမေမေ့သားလေး ပင်ပန်းသွားပြီနားတော့ သွား"
"နေပါဦးမေမေကလည်း ဒီရောက်ကတည်းကကျွန်တော် မေမေ့နားသေချာမကပ်ရသေးဘူး"
"အမလေးတော်ရယ် ကျွန်မကအိမ်မှာပဲနေနေတာကို တော်ကလာမကပ်တာလေ"
"မေမေကလည်း ကိုယ့်သားပြောတဲ့စကားကိုထောက်ခံပေးရမယ်လေ"
"အမယ်လေး ဟုတ်ပါပြီရှင်...."
မေမေကသဘောကျသည့်ဟန်ဖြင့် ရယ်လာတော့ဂျောင်ဂုပါထပ်တူ လိုက်ရယ်မိသည်။ နေမကောင်းတဲ့ မေမေကဘာမှမခြယ်သထားလဲကျွန်တော့်အတွက် အလှဆုံးဖြစ်နေပြန်တယ်။
"ဒီသားအမိတွေ ဘာတွေကိုသဘောကျပြီးရယ်နေကြတာလဲ"
"တော့်သားလေ မအေကိုကပ်ချွဲနေတာ"