ဂျွန်ဂျီမင်းရဲ့လက်ကိုတွဲပြီး ပါရီမြို့အနှံ့လျှောက်လည်ပစ်ချင်တယ်။ နေ့ရက်တိုင်းအတွက် မောင့်ရဲ့ပျော်ရွှင်မှုအသက်ဓာတ်လေးက အချစ်.... မင်းပဲ။
__________________
Oct 13.2023....
မျက်လုံးပေါ်နေရောင်ကျလာတော့ ဘေးကိုလှမ်းစမ်းမိသည်။ အေးစက်စက်မွေ့ယာကိုပဲ ခံစားမိလိုက်တာကြောင့်ကုန်းရုန်းထပြီး ယောက်ျားလှလှလေးကိုလိုက်ရှာဖို့ပြင်လိုက်သည်။ အချိန်က 10နာရီလောက်ရှိနေပြီမလို့ဂျီမင်းကတော့နိုးလောက်နေပြီ ဖြစ်တာကြောင့် အရင်ရေမိုးချိုးဖို့သာပြင်ဆင်လိုက်သည်။
ယောက်ျားလှလှလေးက အိမ်ထဲမှာမရှိတာကြောင့်ဆိုင်ဘက်ကို သွားတော့ပန်းပင်တွေကို လိုက်ကြည့်နေပြီးရေလောင်းနေသည်ကိုတွေ့လိုက်ရသည်။ ဂျီမင်းလုပ်နေတဲ့အမူအရာ တစ်ခုစီတိုင်းက သူ့မနက်ခင်းအတွက်တော့လှပသွားခဲ့သည်။
မသိသာအောင်ခြေသံခပ်ဖွဖွနင်းရင်း ခါးသေးသေးလေးကိုအနောက်ကနေလှမ်းဖက်လိုက်တော့ ရုတ်တရက်ဖြစ်သွားဟန်ဖြင့်ခန္ဓာကိုယ်လေးတုန်သွားသည်။
"မောင်! အလန့်တကြားနဲ့ အမြဲတမ်းပဲ..."
"အချစ်က မောင့်ဘေးနားရှိမနေတော့ရင်ထဲ ဟာတာတာနဲ့ဘာလို့ထားခဲ့တာလဲဗျာ..."
ပခုံးပေါ်ခေါင်းလုံးလုံးနဲ့ တိုးဝှေ့လာတဲ့ပုံသည်မြင်သူအဖို့တော့ချစ်စရာကောင်းနေမှာ မှန်ပါလိမ့်မည်။ သူ့ခန္ဓာကိုယ်ကြီးနဲ့ အရှေ့ကလူကိုသိမ်းကြုံးဖက်ထားရုံသာမက ခေါင်းလုံးလုံးနဲ့လဲတိုးဝှေ့ပြီးချွဲနေပြန်သည်။
"မောင်က အိတ်ပုတ်လေကိုယ်ကအစောကြီး ထတာကို"
"အဲ့လိုဆိုပေမယ့်လည်း မောင့်အနားတော့နေပေးပေါ့အချစ်ရယ်...."
အချစ်ဆိုတဲ့နာမ်စားကြားလိုက်တိုင်း ဂျီမင်းပါးလေးနှစ်ဖက်က စတော်ဘယ်ရီလိုနီရဲသွားရသည်။ လက်ထပ်ထားတဲ့လူတွေဖြစ်ပေမယ့်လည်း မောင်ခေါ်သမျှ၊ လုပ်သမျှအမူအယာတိုင်းက ရင်ထဲကလိကလိဖြစ်စေတယ်။
"ဒါနဲ့ ကိုယ်မနေ့ညက ဖေဖေနဲ့စကားပြောဖြစ်သေးတယ်"
"အွန်း..... အချစ်ကိုဘာလှမ်းပြောတာလဲ ထုံးစံအတိုင်းဂရုစိုက်ပြီးနေခိုင်းတာပဲလား"