Ep-1

12.4K 522 52
                                    

ကားလမ်းမထက်အပြိုင်အဆိုင်မောင်းနေတဲ့ပြိုင်ကားနှစ်စီး နိုင်ငံခြားဖြစ်ပြိုင်ကားတွေမို့ ကားကထွက်နေတဲ့ဟိန်းသံဟာတစ်လောကလုံးကိုဖုန်းလွှမ်းနေသလိုပင်

'Ti ti'

အနီရောင်ကားပေါ်ကအမျိုးသားက တစ်ဖက်အနက်ရောင်ကားထဲကလူကိုကားမှန်တံခါးချစေရန်ဟွန်းတီးကာအချက်ပြလိုက်သည် မကြာပါ ထိုအနက်ရောင်ကကားသည်အရှိန်ပြင်းပြင်းမောင်းနှင်ရင်းနဲ့ကားအမိုးပွင့်လာတယ် ထိုကားပိုင်ရှင်ကား အမျိုးသားတစ်ယောက်မဟုတ် ဂုတ်ဝဲဆံပင်အနက်ရောင်ကို အပေါ်ပိုင်းပင့်စည်းထားတဲ့ခပ်မိုက်မိုက်မိန်းမငယ်လေးတစ်ဦးပင် ထိုမိန်းကလေးကပီကေဝါးရင်း
ဘာလဲ ဆိုသောသဘောနဲ့တစ်ဖက်ကားကလူကိုမျက်စပစ်ပြလိုက်တော့ တစ်ဖက်ကားဆီကအမျိုးသားက သူ့ကို လက်ခလယ်ထောင်ကာရန်စလေသည်
ထိုအမျိုးသားရဲ့အပြုမူကိုကြည့်ကာခပ်ထေ့ထေ့ပြုံးရင်း ဘယ်ဘက်လက်ကကားစီယာဒိုင်ကိုထိန်းရင်း နောက်တစ်ဖက်ကသူမဖုန်းကိုကြည့်ကာတစ်ခုခုဖွင့်ဖို့ကြိုးစားနေတယ် စက္ကန့်အနည်းငယ်အကြာမှာ သူမဖုန်းကိုတစ်ဖက်ကားဆီမှအမျိုးသားကိုပြလိုက်သည် ထိုအရာကား SHOWပွဲတွေမှာ IDOLတွေရဲ့နာမည်ကိုဖုန်းမှာရွေ့လျားနေတဲ့ပုံစံမျိုးနဲ့ရေးထားတဲ့ LOSER ဆိုသောစာလုံးပင်
ထိုစာလုံးလေးပြပြီးတာနဲ့အနက်ရောင်ကားလေးဟာလေကိုဖြိုခွင်းကာ အနီရောင်ကားလေးကိုကျော်ကာရှေ့တက်သွားတယ်

'ကားသံတွေတဖြေးဖြေးနီးလာပြီ ပန်းဝင်မဲ့စည်းတွေသေချာပြန်ဆွဲထား'

လူချမ်းသာသားသမီးတွေနဲ့လမ်းသရဲတွေစုဝေးနေတဲ့ကားပြိုင်ပွဲနေရာ အရင်နေ့တွေကဒီလောက်ထိလူမစည် ဒီနေ့တော့တိုးမပေါက်အောင်လူကြပ်နေတယ် သို့ပေမဲ့ ထိုသူများဟာပြိုင်ဖို့မဟုတ် ဒီနေ့ကားပြိုင်ကွင်းရဲ့ဒိတ်ဒိတ်ကြဲနှစ်ယောက်ယှဥ်ပြိုင်တာကိုလာကြည့်ကြခြင်းပင်

'ငါတို့ရဲ့ ကိုစေနိုင်မှာကွ'
'စေတွေအေတွေလုပ်မနေနဲ့ နားစမ်းပါ မင်းတို့ရဲ့လူကယောကျ်ားကြီးတစ်ယောက်ဖြစ်နေပြီး မိန်းမတစ်ယောက်ကိုမနာလိုဝန်တိုစိတ်တွေများပြီးလိုက်ပြိုင်နေတာ ပြီးတော့ တစ်ခါမှလဲနိုင်တာမဟုတ် ငါသိချင်တာ မင်းတို့ရဲ့လူမှာအရှက်ရောရှိသေးရဲ့လားလို့'
'အရှက်ကအစတည်းကမရှိလောက်ဘူးကွ ဆရာဝန်က ရှက်ကြောနဲ့ချက်ကြောမှားဖျကပေးလိုက်တယ်ထင်ပါတယ်ကွာ'
'ဖြစ်နိုင်တယ်'
'ဟားဟားဟား'

HtarWhere stories live. Discover now