Ep-16

4K 263 47
                                    

'မောင် တို့ကိုစင်ပေါ်ကကြိုးလေးယူပေးပါကွယ်'

ဒီနေ့ထားတို့အိမ်သန့်ရှင်းရေးလုပ်ကြသည် အိမ်သန့်ရှင်းရေးလို့သာခေါင်းစဥ်တပ်ထားတာပါ အမှန်တော့ထားရဲ့စာအုပ်အဟောင်းတွေကိုရှင်းကြတာ
အကုန်ရှင်းပြီးပြီမို့ ချည်ဖို့ပဲကျန်တော့သည်

'မောင်ရေ ကြိုးလေးယူပေးလို့'
'ဟုတ်ဟုတ်'

ထားကိုနောက်ခိုင်းထားကာ စင်ဘက်ကိုမျက်နှာမူထားပြီးမလှုပ်မယှက်ရပ်နေတဲ့မောင်

'မောင် ဘာရပ်လုပ်နေတာလဲ
မောင်'

ထား မောင့်ဆီထသွားတော့ မောင်က ဝိုင်းယာကြိုးအဟောင်းကြိုးကိုကိုင်ပြီးတောင့်တောင့်ကြီးရပ်နေတယ်

'မောင်တိုယူခိုင်းတာပီနံကြိုးလေ မောင်'

ကြိုးကိုကိုင်ထားတဲ့လက်တွေတုန်ရီနေပြီး မျက်ရည်တွေလဲအသွင်သွင်စီးကျနေတယ်

'မောင် မောင်!'

ထား မောင့်လက်မောင်းကိုကိုင်လှုပ်ကာသတိပေးတော့မောင်ဟာ လက်ထဲကကြိုးကိုအသည်းသန်လွှင့်ပစ်ရင်း ကြမ်းပြင်ပေါ်ချက်ခြင်းထိုင်ချကာနောက်ဆုတ်သွားတယ်

'မောင် ဘာဖြစ်တာလဲ မောင့်'
'ကြောက်တယ် မောင်ကြောက်တယ် အဲ့ကြိုးတွေကိုကို့ကိုခေါ်သွားကြတာ မောင် မောင့်ကိုလဲခေါ်သွားကြလိမ့်မယ်မောင်ကြောက်တယ်'
'ဘာလို့ခေါ်ရမှာလဲ မခေါ်ပါဘူး နော် သူတို့လာခေါ်လဲတို့ကထည့်ပေးမှာမဟုတ်ဘူး'

ဧည့်ခန်းထဲကဆူဆူညံညံအသံတွေကြောင့် ပုံ့ပါရောက်လာသည်

'ဘာဖြစ်ကြတာလဲ'
'အဲ့ကြိုးတွေယူပြီးသွားလွှင့်ပစ်လိုက်တော့'
'စာအုပ်တွေစည်းဖို့မဟုတ်ဘူးလား'
'ပြောတဲ့အတိုင်းလုပ်လိုက်ပါပုံ့ရယ် လျှာကိုရှည်တယ်'
'မောင့်ကိုခေါ်သွားကြတော့မယ် မောင်ကြောက်တယ်
အန်တီ မောင်ကြောက်တယ်'
'မကြောက်နဲ့နော် တို့ရှိတယ် တို့ကာကွယ်ပေးမယ်နော်'

မောင်ဟာထားရင်ခွင်ထဲမှာ အေးလို့တုန်ရီနေတဲ့ခွေးပေါက်လေးလို တုန်ရီနေတယ်

HtarWhere stories live. Discover now