ဧည့်ခန်းထဲကကြွေပြားပေါ်ပြားပြားချထိုင်ပြီး ကျွန်းသားဘောင်ကွပ်ထားတဲ့မှန်စားပွဲပေါ်မှာအိမ်စာရေး နေတဲ့မောင် အမှန်တော့အိမ်စာလုပ်နေတာကရေးစာမဟုတ် ရသဆရာမအိမ်စာပေးလိုက်တဲ့ မိမိအချစ်ရဆုံးလူပုံနှင့်မည်သည့်အကြောင်းကြောင့်ချစ်ရသည်ဆိုသော အိမ်စာကိုလုပ်နေခြင်းပင်
'မောင် ခုံပေါ်မှာထိုင်ပြီးဆွဲလေ ကြမ်းပြင်ကအေးတယ်ကလေးရဲ့'
မေမေကမောင့် ထမင်းခွံ့ဖို့နယ်လာတဲ့ပန်းကန်လေးကိုယူကာ မောင်ရှိရာဧည့်ခန်းထဲဝင်လာကာ မောင့်နောက်ကခုံမှာဝင်ထိုင်သည်
'မအေးပါဘူးမေမေရဲ့'
'ဒီဘက်လှည့်'
'အာ....'အသက်၇နှစ်အရွယ်မောင်ကခုချိန်ထိမေမေခွံ့ကျွေးမှစားတုန်းပင်
'ပြပါဦး မောင်အချစ်ဆုံးက ဖေဖေနဲ့မေမေမဟုတ်ပဲ ကိုကို့ကိုပေါ့ ဟုတ်လား'
'အွန်း'ထမင်းကိုလဲဝါးရင်မေမေမေးတာကိုလဲခေါင်းတညှိမ့်ညှိမ့်နဲ့ဖြေတဲ့မောင်
'ဘာလို့လဲ'
'ကိုကိုကအကောင်းဆုံးမလို့'
'မေမေတို့ကရော မေမေကမောင်စားချင်တာတွေအကုန်ချက်ကျွေးဝယ်ကျွေးတယ်လေ ဖေဖေကျ မောင်လိုချင်တာတွေအကုန်ဝယ်ပေးတယ်လေ ဘာလို့ဖေဖေနဲ့မေမေ မဟုတ်ပဲကိုကိုဖြစ်နေရတာလဲ'မောင်စာရွက်ပေါ်ကကိုကို့ပုံတူလေးကိုဆေးခြယ်ရင်း
'ကိုကိုဖြစ်နေလို့'
'ကိုကို့ကိုအဲ့လောက်တောင်ချစ်တယ်ပေါ့ ဟုတ်လား'
'အွန်း များကြီး ဒါနဲ့ကိုကိုဘာလို့ပြန်မလာသေးတာလဲ'
'သူတို့ဘော်ဒါမှဆုပေးပွဲရှိတယ်လေမောင်ရဲ့ ကြာဦးမှာပေါ့'
'မိုးချုပ်နေပြီကို'ထိုအချိန်ခြံထဲကိုကားဝင်လာသံကြားရသည်
'ကိုကိုပြန်လာပြီထင်တယ်'
မောင်ဧည့်ခန်းထဲကနေ အိမ်ရှေ့ကိုပြေးထွက်သွားလိုက်ပြီးအိမ်ထဲဝင်လာတဲ့ကိုကို့ကိုပြေးဖက်လိုက်သည် ကိုကိုဟာဒီနေ့တော့အရင်လို မောင့်ကိုပြန်မဖက်ခဲ့ပါ ပြီးတော့အနံ့သင်းသင်းလေးအမြဲရှိနေတဲ့ကိုကို့ဆီကအနံ့ခပ်ဆိုးဆိုးကြီးတွေရနေသည်
YOU ARE READING
Htar
Romance'အင်္ကျီနဲ့အတူ မောင့်နှလုံးသားလေးပါသွားတာ အန်တီပြန်မထည့်ပေးထားဘူး ရပါတယ် ယူထားပါ မောင်နေ့တိုင်းလာတောင်းလှည့်မယ်' 'အဲ့တာဘာစကားဆိုတာလဲ' 'အင်း..ချစ်စကားလို့ပြောလို့ရပါတယ်'