Ep-6

5.9K 398 40
                                    

'အန်တီရေ အန်တီလို့'

ထားရဲ့အိမ်လေးထဲ မောင့်ရဲ့ဂျီကျသံဟာတဆာဆာထွက်ပေါ်နေသည်  မနက်အစောထဲက ထားအိမ်ကိုရောက်လာကာ  သူမလေးက ထားနောက်ကနေတကောက်ကောက်လိုက်နေသည်

'မင်းကိုတို့ဘာမှာထားလဲ တို့ကိုလာမခေါ်နဲ့လို့ပြောမထားဘူးလား'
'အန်တီကလဲ'

ထားရဲ့ညာဘက်လက်ဖဝါးကို သူ့လက်မဖဝါးနှစ်ဖက်နဲ့ကိုင်ထားကာ လှုပ်ခါနေသည်

'စိတ်မကောက်ပါနဲ့လို့ နောက်မလုပ်တော့ဘူးလေ နော်နော်နော်'
'ကောက်မှာပဲ  ကားပြိုင်မောင်းတာတွေဘယ်တော့မှထပ်မလုပ်ရဘူးလို့ တို့မမှာထားဘူးလား'
'မှာထားပါတယ်'
'မှာထားရက်နဲ့ဘာလို့လုပ်ရတာလဲ တို့စကားကိုအလေးမထားတာလား'
'မဟုတ်ပါဘူးအန်တီရယ်'
'ဘာမဟုတ်တာလဲ  ကားပြိုင်တာမျိုးတွေမလုပ်တော့ဘူးသာပြောတယ် မင်းတို့ကိုလိမ်ညာပြီး ကားပြိုင်မောင်းနေတာဘယ်နှစ်ကြိမ်ရှိနေပြီလဲတို့သိရတာမဟုတ်ဘူး ဒီတစ်ခေါက်သာတို့မမိရင် မင်းဘယ်နှစ်ကြိမ်တွေတောင်ထပ်လုပ်နေမလဲ'

မနေ့က

'တီချယ်'

ရုံးခန်းရှေ့မှာရပ်နေတဲ့ကျောင်းသားလေးတစ်ယောက်

'လာလေသား အထဲကိုဝင်ခဲ့'
'ဟုတ်တီချယ်'
'တီချယ့်ကိုဘာမေးမလို့လဲသား'
'တီချယ့်ကိုလာလာကြိုနေတဲ့အမကြီးလေ'

ဒီကောင်လေးကမောင့်ကိုဆိုလိုနေခြင်းပင် သူကမောင်နဲ့ပက်သက်ပြီးဘာသိချင်နေတာလဲ

'အင်း သူကဘာဖြစ်လို့လဲသား'
'သူ့လက်မှတ်လေးတောင်းပေးလို့ရမလား'
'ဘာလို့လဲ '
'သူက သားရဲ့idolပါ သူကကားပြိုင်ကွင်းတွေရဲ့ဘုရင်လေ အဲ့တာသား idolရဲ့လက်မှတ်လေးကိုလိုချင်လို့'
'ကားပြိုင်တယ်'
'ဟုတ် တီချယ်'
'ရုပ်ရှင်ထဲကလိုပြိုင်မောင်းတာတွေကိုပြောတာလား'
'ဟုတ်တီချယ်  ဒီနေ့ညတောင်ပွဲရှိတာ သူ့နားမှာလူတွေကအမြဲအုံနေတော့ သူ့လက်မှတ်သွားတောင်းဖို့မပြောနဲ့ အနားကပ်ဖို့ကတောင်မလွယ်လို့ အဲ့တာတောင်းပေးနိူင်မလားလို့'
'တီချယ့်ကို အဲ့ပြိုင်မဲ့နေရာလိပ်စာလေးပေးလို့ရမလား'
'အာ အဲ့တာက လျှို့ဝှက်နေရာမို့လို့ ပေးလို့မရဘူးတီချယ်ရဲ့'
'ဒါဆိုလဲ တီချယ်လဲအားနာပါတယ်ကွယ် တောင်းမပေးနိုင်လို့'
'ပေးပါ့မယ် လိပ်စာပေးပါ့မယ် လက်မှတ်လေးသာတောင်းပေးပါနော်'

HtarWhere stories live. Discover now