Ep-8

4.7K 364 24
                                    

ထား အသက် ၉နှစ်
ထားက အေးစက်စက်နဲ့စကားနည်းတဲ့သူမို့ထားမှာသူငယ်ချင်းဟူ၍မရှိ ဒါကြောင့်စာဖတ်ရင်းနဲ့အချိန်တွေကိုကုန်ဆုံးဖြစ်သည် အထူးသဖြင့် အိမ်ခြေရင်းကဒန်းလေးဟာ ထားစာဖတ်နေကျထားကိုယ်ပိုင်နေရာလေးပင်

'ထားရေ ထား'

အိမ်ရှေ့ကနေမေမေ့ရဲ့လှမ်းခေါ်သံကြောင့် ထားအိမ်ရှေ့ကိုသွားလိုက်သည် မေမေ့ရဲ့ရှေ့မှာရပ်နေတဲ့ ဦးလေးတစ်ယောက်နဲ့အဒေါ်တစ်ယောက် ပြီးတော့သူတို့နှစ်ယောက်ကြားမှာ ထားနဲ့ရွယ်တူကောင်မလေးတစ်ယောက်

'လာ ထား'

မေမေကလက်ကမ်းကာထားကိုခေါ်သည်

'ထား ဒီကဦးဦးနဲ့ဒေါ်ဒေါ်ကဘေးအိမ်ကိုပြောင်းလာတာတဲ့ နှုတ်ဆက်လိုက်ပါဦး'

ထားခေါင်းငြှိမ့်ပြရုံသာ

'ပြီးတော့ ဒါသူတို့ရဲ့သမီးလေး ထားနဲ့ရွယ်တူပဲ'
'သမီးလေးနေရာသစ်မှာရွယ်တူသူငယ်ချင်းမရှိမှာစိုးရိမ်နေတာ ခုတော့စိတ်ပူစရာမလိုတော့ဘူး'
'သမီး သူနဲ့သူငယ်ချင်းလုပ်မယ်မပြောပါဘူးနော်'
'ထား'

ထားကတစ်ယောက်ထဲနေတက်သူမို့ ထိုစကားဝိုင်းကထထွက်လာခဲ့တယ်

'တောင်းပန်ပါတယ်ရှင် သမီးလေးကအရင်ကအဲ့လိုမဟုတ်ဘူးရယ် ကျန်ခဲ့တဲ့တစ်နှစ်လောက်ကမှအဲ့လိုပြောင်းလဲသွားတာ'
'ဘာကြောင့်လဲ'
'သမီးလေးက  အသဲမကောင်းဘူးရယ် ဆေးတွေလဲသောက်နေရတာ  အစားထိုးဖို့ကလဲ ကျွန်မတို့တွေနဲ့မကိုက်ညီမနေဘူးလေ သူ့စိတ်ထဲသူကသေတော့မဲ့လူလို့ပဲတွေးထားပြီးလူတွေနဲ့ဝေးဝေးနေနေတာ'
'စိတ်မကောင်းပါဘူး'
'သိမ့် ပေးမယ်'
'ဟင်'
'သိမ့်ရဲ့အသဲပေးမယ်လေ'
'သမီးဒါအရုပ်ပေးသလိုရော့အင့်ဆိုပြီးအလွယ်တကူပေးလို့ရတာမဟုတ်ဘူး'
'ဟုတ်တယ်သမီးရဲ့ ပေးတယ်ဆိုရင်တောင်ကိုက်ညီမှု့ရှိဦးမှ'
'စစ်ဆေးလိုက်ရုံပဲမလား တူညီရင် သိမ့်အသဲပေးမယ်'
'ကျွန်မသမီးကအဲ့လိုပဲအမရေ သူလုပ်မယ်ဆိုလုပ်လိုက်ရမှ'

သိမ့်အသဲနဲ့ထားအသဲကိုက်ညီမှု့ရှိတဲ့အတွက် ထား သိမ့်ရဲ့အသဲတစ်ခြမ်းကိုရခဲ့သည် ဆေးရုံတက်နေတဲ့ကာလအတွင်း ထားနဲ့သိမ့်ဟာတစ်ခန်းထဲနေကြရသည်

HtarWhere stories live. Discover now