Ep-12

2.9K 228 26
                                    

'မောင် လာ ပြန်ကြမယ်'
'နေပါဦး ထိပ်ထားလှိုင်ပြန်ချင်ပြန်ပေါ့ တရားဝင်ဖိတ်ကြားသူနာမည်စာရင်းထဲထိပ်ထားလှိုင်မှမပါတာ သူများနဲ့ကပ်ပြီးပါလာတာဆိုတော့ဒီမှာရှိအနေလဲရတယ် ပြန်လိုက်ပါ မောင့်ကို ကို ကိုယ်တိုင်အိမ်လိုက်ပို့လိုက်ပါ့မယ်'
'ဒီမှာ နာမည်စာရင်းမှာပါပါမပါပါ အန်တီကမောင်နဲ့ပါလာတာ အန်တီ့ကိုဒီလိုပြောစရာမလိုပါဘူး လာ အန်တီ ပြန်မယ်'
'နေပါဦးကလေးရဲ့'
'ကျွန်မလက်ကိုလွှတ် ပြီးတော့ကျွန်မကိုကလေးလို့မခေါ်နဲ့ ကျွန်မနာမည်ချစ်စမ်းမောင်'
'ဟုတ်ပါပြီကွာ မခေါ်နဲ့ဆိုလဲမခေါ်တော့ပါဘူး ပြန်ချင်သပဆိုလဲ လက်ထဲကခွက်လေးကိုကုန်အောင်သောက်လိုက်ပါဦးနော် အချစ်'

မောင်ဖက်တွယ်ထားတဲ့အန်တီ့လက်ဟာ အန်တီ့ဒေါသကြောင့်တုန်ရီနေသည်

'နင်'
'အန်တီ'

အန်တီ့ကိုတားနေရသည် အန်တီကမောင့်လက်ထဲကရှန်ပိန်ခွက်ကိုဆွဲယူကာမော့ချလိုက်သည်

'ကုန်ပြီ ရပြီမလား ပြန်မယ်မောင်'
'မာန်တို့ ငါပြန်နှင့်ပြီ'
'အေးအေး'

မောင်အန်တီ့အိမ်ရှိရာကိုမောင်းလိုက်သည် ကားပေါ်ကလေထုတိတ်နေသည်

'အန်တီ'
'တို့ကိုစကားမပြောနဲ့မောင် တို့ဒေါသတွေမင်းဆီပုံကျသွားမယ်'
'ဟုတ်'

မောင် အန်တီ့ကိုစကားမပြောရဲတော့ပါ ကားပေါ်ငြိမ်ငြိမ်လေးအိပ်ကာပါလာတဲ့အန်တီ

'အန်တီ အန်တီ'
'ဘာလဲ'

ရီဝေဝေမျက်ဝန်တို့ရဲ့အန်တီ
ဘုရားရေ အန်တီမူးနေတာလား

'မမမောင် အန်တီလေးရော'
'သူမူးနေတယ်'
'ဟယ် သူသောက်ထားတာလား'
'အင်း ရှန်ပိန်တစ်ခွက်'
'အန်တီလေးကတစ်ခါမှ Alcohol နဲ့ပက်သက်တာမျိုးသောက်ဘူးတာမဟုတ်ဘူး'

အန်တီ့ကို ပုံနဲ့မောင်အခန်းထဲထိတွဲခေါ်ခဲ့သည်

'ဟူး မောလိုက်တာ မမမောင် ညဥ့်နက်ပြီ ဒီမှာပဲအိပ်သွားလေ'
'ရပါတယ်'
'မမမောင်လဲသောက်ထားတယ်မလား ညဥ့်နက်နေပြီ တစ်ယောက်ထဲပြန်တာအန္တရာယ်များတယ် အိပ်သွား'
'အင်း'
'ပုံ့အောက်ထပ်ကအခန်းမှာ လိုရင်လှမ်းခေါ်လ်ုက်'
'အင်း'

HtarWhere stories live. Discover now