Mr.sunflower

1.4K 94 69
                                    

ဝိတိုရိယခေတ်ရဲ့ပန်းစကားအရနေကြာဟာနေမင်းကိုပဲသစ္စာရှိရှိ‌ချစ်နေပါတယ်တဲ့~

________________________________

"Ohh! မင်းတအားဆိုးတာပဲ အသီးစားချင်ရင်ငါ့ပြောလေ"

ဝါးလုံးတုတ်လေးအားဘေးတွင်ချကာငြိမ်ကုတ်ကုတ်ထိုင်နေသည့်heartကိုကြည့်ရင်းငါသက်ပြင်းတစ်ချက်ချလိုက်သည်။

အမျိုးကောင်းသားလေးကပတ္တရားကမိဘအိမ်မှာအေးဆေးမနေပဲဘန်ကောက်သို့ရောက်လာ၍၀မ်းကွဲအကိုဖြစ်သည့်ငါ့အိမ်ပေါ်ပိုင်စိုးပိုင်နယ်တတ်နေ၏။

အခုလည်းအလုပ်ကပြန်လာတုန်းနားပင်မနားရသေးအိမ်နောက်ဘက်ကအုန်းခနဲအသံကြောင့်ငါအပြေးလေးသွားကြည့်ရသည်။

ဆန်ကုန်မြေလေးကလိမ္မော်သီးစားချင်၍အပင်‌ပေါ်တက်ခူးရာမှပြုတ်ကျလာခြင်း။သူ့အမေရှေ့နေသာမြင်ရင်သားလေးကိုဂရုမစိုက်ရကောင်းလားပြောမှာအသေချာ။

ငါခါးထောက်ကာသစ်သားခုံတန်းရှည်လေးပေါ်ထိုင်နေသည့်heartအားစိတ်ဆိုးသလိုကြည့်လိုက်၏။

အိမ်ထဲတွင်လည်းမီးတွေအကုန်လျှောက်ဖွင့်ထားပြီးစားလို့မကုန်သေးသည့်မုန့်ထုတ်တွေကိုလည်းအိမ်ရှေ့စားပွဲတွင်ပစ်ထားခဲ့လေသည်။

"မင်း!ဒီလိုဆိုးနေရင်ငါဦးလေးတို့အိမ်ပြန်ပို့ပစ်မှာသိလား"

စိတ်ဆိုးသလိုပြောလိုက်ပေမယ့်အူကြောင်ကြောင်လေးမော့ကြည့်နေတဲ့heartကြောင့်သူနားမကြားမှန်းငါသတိရသွားသည်လေ။

အဲ့နောက်ဖုန်းအားထုတ်ကာnoteထဲတွင်စာရိုက်လိုက်ရင်းheartကိုပြတော့သိသိသာသာနီမြန်းလာသည့်မျက်နှာကလေးရယ်။

မျက်‌ရည်လေးများဝေ့တက်လာကာ‌အပြစ်ကင်းစင်သည့်ကလေးလိုမျိုးမော့ကြည့်လာတာကြောင့်ငါစိတ်မကောင်းဖြစ်သွားလေသည်။

ဒီကောင်လေးငါ့ကိုလူဆိုးဇာတ်သွင်းနေတာပဲ။အဲ့နောက်၁၇နှစ်သာရှိသေးသည့်heartရှေ့တွင်ဒူးထောက်ကာငါထိုင်လိုက်သည်။

//မင်းသာ လိမ္မာရင် ငါပြန်မပို့တော့ဘူး နားလည်လား//

တတ်သလောက်လက်အမူအရာဖြင့်လုပ်ပြတော့heartကခေါင်းအသွင်သွင်ငြိမ့်ပြလာ၏။အဲ့နောက်ငါပြုံးလိုက်ရင်း heartခေါင်းပေါ်ကသစ်ရွက်ခြောက်လေးအားဖယ်ပေးလိုက်သည်။

mr.sunflower like me a lot (limingheart ff✅)Where stories live. Discover now