Dearest

549 70 54
                                    

နေကြာတွေပွင့်တဲ့အရပ်သို့မျက်နှာမူသည်။

"၉နာရီမထိုးခင်သေချာပေါက်ပြန်လာပါ့မယ်winnyဗျ"

ငါအိမ်တံခါး၀တွင်ရပ်ကာသူ့ညီလေးကိုစိတ်မချသလိုကြည့်နေသည့်winnyအားပြောတော့winnyကခပ်ရေးရေးလေးသာပြုံးပြ၏။

"စိတ်ချမယ်နော်liming.."

ငါဆက်ခနဲခေါင်းငြိမ့်ပြကာခွင့်ပြုချက်ရသွားသည်နှင့်တစ်ပြိုင်နက်heartလက်လေးအားဆွဲကာအိမ်ရှေ့ဘက်တွင်ရပ်ထားသည့်ဆိုင်ကယ်သို့ပြေးလာလိုက်၏။

အခုမှမြို့ထဲရောက်ဖူးမည့်heartကယောင်္ကျားလေးလွယ် အိတ်ကလေးအားလွယ်ထားလျက်စိတ်လှုပ်ရှားနေ၏။အရင်ဆုံးလုံခြုံရေးအတွက်heartကိုငါဦးထုတ်လေးဆောင်းပေးလိုက်သည်။

//ခဏနေ မင်းအထီးမကျန်တော့ဘူးလို့ ငါ ကတိပေးတယ်//

တက်ကြွစွာလက်အမူအရာဖြင့်ပြတော့heartကပြုံးရွှင်လျက်ခေါင်းလေးငြိမ့်ပြလာသည်။အဲ့နောက်ငါတို့အတူဘက်ထရီဆိုင်ကယ်အသေးလေးဖြင့်ခရီးစနှင်၏။

ဆိုင်ကယ်နောက်တွင်ထိုင်နေသည့်လိမ္မော်သီးလေးပြုတ်ကျမှာစိုး၍ငါheartရဲ့လက်တွေအားယူကာငါ့ခါးအထက်သို့ရစ်သွယ်ခိုင်းလိုက်သည်။

Heartကလက်နှစ်ဖက်လုံးဖြင့်တင်းနေအောင်ဖတ်လာသည့်အခါငါပြုံးမိသွားသည်။အမူအရာလေးတွေကနှစ်ခြိုက်ဖို့ကောင်းသည်။

ဘန်ကောက်ဟာဘယ်လောက်လှကြောင်းတစ်၀ကြီးပြောပြချင်ပေမယ့်နားမကြားနိုင်သည့်လိမ္မော်သီးကလေးကငါ့အသံကိုဒီတစ်သက်ကြားနိုင်မည်မထင်။

အနီရောင်အဝါရောင်တွေပြည့်ကာထိန်ထိန်သာနေသည့်မြို့ပြရဲ့လမ်းမပေါ်မှာဘက်ထရီဆိုင်ကယ်လေးကအရှိန်မှန်မှန်ဖြင့်ရွေ့လျားနေ၏။

မထုတ်စီးဖြစ်တာကြာတဲ့ဆိုင်ကယ်လေးပေါ်မှာနှစ်ခြိုက်စရာကောင်းတဲ့ကောင်ကလေးကိုတင်စီးရတဲ့ခံစားချက်လေးကအေးချမ်းပါသည်။

သိပ်မကြာခင်မှာပဲငါတို့လိုရာခရီးကိုရောက်၏။မြို့ရဲ့ချောင်ကျကျနေရာတစ်ခုတွင်တည်ဆောက်ထားသည့်ဘုံကျောင်းဟာတရုတ်ဈေးတန်းနှင့်တော့နီး၏။

mr.sunflower like me a lot (limingheart ff✅)Where stories live. Discover now