mr.sunflower like me a lot

856 85 82
                                    

လူတွေဟာ ရေစက်မပါရင် လွဲရတာချည်းပါပဲ။

"ကျွန်တော်သွားမှာပါ.."

ဖုန်းထဲကအဖေ့ရဲ့အော်သံတွေကိုဥပေက္ခာပြုရင်းငါတီခနဲချလိုက်၏။အပြင်ကနေတစ်ဖွဲဖွဲတိုက်လာသည့်လေဟာသစ်သားစားပွဲလေးပေါ်တင်ထားသည့်စာအုပ်ကိုတစ်ရွက်ချင်းလှန်လျောနေသည်။

သိပ်မကြာသေးခင်ကမှ၀ယ်ထားတဲ့furinလေးကလေရဲ့တိုက်ခတ်မှုနှင့်အတူအသံလေးမြည်လျက်ရှိနေ၏။စိတ်တွေဟာရှင်းမရလောက်အောင်ရှုပ်နေသည်။

လက်ထဲကဖုန်း‌ကိုတင်းနေအောင်ကိုင်ထားရင်းငါသက်ပြင်းယဲ့ယဲ့သာချမိ၏။ဒီရက်ပိုင်းနွေလယ်မှာငါတစ်ယောက်ထဲသာကွက်ပြီးရာသီဥတုမသာယာသည့်ပုံ။

ယခုတစ်လောဖတ်ဖြစ်တဲ့2022တွင်ထွက်ထားသည့်Time Is a Motherဟာငါသဘောကျမိသည့်chapbookတစ်ခုပင်။သစ်သားခုံပေါ်ကစာအုပ်ကလေးကိုပိတ်လိုက်ရင်း ငါ့အကြည့်တွေကခြံ၀န်းတံခါးအဖြူလေးသို့ရောက်၏။

သိပ်မကြာခင်မှာပဲfurinလေးတစ်ချက်ချွှမ်ခနဲမြည်သွားသလိုခြောက်သွေ့နေတဲ့နံနက်ခင်းဟာနွေးထွေးသွားသလိုမျိုးခြံ၀န်းထဲသို့ရောက်လာသည့်လိမ္မော်သီးလေးကပြုပြင်ပေးသည်။

ထိုအခါမှာငါ့နှုတ်ခမ်းတွင်အပြုံးနုနုလေးများ၀င်ရောက်လာ၏။furinလေးတွေဟာကံကောင်းချင်းတွေယူဆောင်လာပေးတယ်ဆိုတာငါယုံပါပြီ။

နေရောင်နွေးနွေးအောက်မှာလိမ္မော်နုရောင်အင်္ကျီလက်ရှည်ကလေးနှင့်ဘောင်းဘီအပွအဖြူရောင်ကိုတွဲ၀တ်ထားသည့်လိမ္မော်သီးလေးဟာဘုရားသခင်ဆောင်မပေးတဲ့ငါ့ရဲ့ပျော်ရွှင်မှုလေးဖြစ်သည်။

အမေရိကန်မသွားချင်တော့တဲ့အကြောင်းပြချက်လေး။ပျော်ရွှင်မှုတွေအစပျိုးတဲ့အကြောင်းပြချက်ကလေး။

နေရောင်ခြည်ဟာဘယ်လောက်နွေးလဲဆိုတာသက်သေပြခဲ့တဲ့အကြောင်းပြချက်ကလေး။

___________________________________

//ငါတို့ ပန်းပင်လေး စိုက်ကြည့်ကြမလား//

ငုတ်တုတ်လေးထိုင်နေသည့်heartကိုနှုတ်ရောလက်အမူအရာဖြင့်ပြတော့heartကခေါင်းငြိမ့်ပြလာ၏။ငါပြုံးလိုက်ရင်းheartရဲ့ဆံနွယ်လေးတွေကိုထိုးဖွလိုက်သည်။

mr.sunflower like me a lot (limingheart ff✅)Where stories live. Discover now