အိမ်နီးချင်းလေးတစ်ယောက်ရောက်လာတယ်။
နွေဦးဟာထင်သလောက်မဆိုးပါဘူး။ရက်ပေါင်း၃၆၅ရက်ရဲ့အလွန်မှာဟိုဘက်ခြံကအိမ်နီးချင်းလေးတစ်ယောက်ရောက်လာတယ်။
လိမ္မော်တွေကရဲနေအောင်မှည့်ပြီးစိမ်းစိုစိုရေညိုလေးတွေကပုံရိပ်ဆန်စွာတတ်နေတဲ့အုတ်နံရံလေးတစ်ခုအပေါ်မှာငါ့လိမ္မော်သီးလေးကိုစတွေ့ခဲ့တယ်။
Heart။စွံ့အနားမကြားတဲ့ကောင်ကလေး။heartနဲ့ငါကအသက်သိပ်မကွာဘူး။ဒါပေမယ့်heartကငါ့ထက်အများကြီးပိုငယ်တဲ့ပုံပေါက်တယ်။
Heartမှာဆံပင်လုံးလုံးလေးနဲ့ညာဘက်ပါးထောင့်ကမှဲ့လေးတစ်လုံးရှိတယ်။ပြီးတော့heartက ကလေးတစ်ယောက်လိုမျိုးငါ့ကိုခင်တွယ်တယ်။
ငါတို့သိပြီးသူ့အိမ်ပထမဆုံးအလည်သွားတဲ့နေ့မှာheartကငါ့ကိုထွက်မကြည့်ဘူး။heartရဲ့ပါးတွေကငါ့ကိုတွေ့တဲ့အခါနီမြန်းနေတာသတိထားမိတယ်။
မခင်တွယ်ချင်ဘူးလို့ငါထင်ခဲ့မိတယ်။နောက်တစ်နေ့ကျheartကငါ့အိမ်လာတယ်။winnyကအလုပ်သွားတယ်
ထင်ပါ့။Hand languageကိုငါမသုံးတတ်ဘူး။ငါတို့ကြားမှာဆက်သွယ်ဖို့အခက်ခဲရှိလာတယ်။အဲ့နောက်note bookသေးသေးလေးနှစ်ခုနဲ့အတူဆက်ဆံရေးလေးကအဆပြုတယ်။
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စာရေးပြီးပြောတဲ့အခါငါတို့တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာတယ်။
Heartက၃နှစ်လုံးလုံးမိဘလောင်းရိပ်အောက်ကမထွက်ဖူးသလိုငါကလည်း၁နှစ်လုံးလုံးမိဘလောင်းရိပ်အောက်မှာမနေခဲ့ရပါဘူး။
Heartကငါ့ကိုသိခွင့်ရတာပျော်တယ်လို့ဆိုတယ်။အဲ့အခါမှာငါ့နှုတ်ခမ်းမှာအပြုံးနုနုလေးတွေပေါ်လာတယ်။ငါကလည်းheartကိုသိခွင့်ရတာသိပ်ကံကောင်းတာပဲ။
Winnyအလုပ်သွားတဲ့အချိန်တွေဆိုheartကငါ့အိမ်လာနေရတာသဘောကျတယ်။ဝါးလုံးတုတ်နဲ့အပင်ပန်းခံပြီးအသီးခူးစရာမလိုတော့အောင်ငါကပဲခူးကျွေးတယ်။
တစ်ခါတစ်လေညထိover timeဆင်းရတဲ့winnyကြောင့်
heartကတစ်ယောက်ထဲမအိပ်ချင်တဲ့အတွက်ငါ့အိမ်လာလေ့ရှိတယ်။
YOU ARE READING
mr.sunflower like me a lot (limingheart ff✅)
Fanfictionyour voice is my favorite songs dear Mr.sunflower♡ fanfiction main characters-limingheart total chapter-4(+1extra) hope you guys enjoy this💓