I'm never felt so alone
//Limingက အဝေးကြီးမှာ မင်းစာပို့လို့မရဘူးလေ//
P'winnyကနွမ်းလျှလျှအပြုံးလေးနဲ့ပြောတဲ့အခါသက်ပြင်းတစ်ချက်ချရင်း စာအိတ်ကလေးကိုအပေါ်မြှောက်ကိုင်ထားရာကနေ ပေါင်ပေါ်တင်မိတော့သည်။
Limingကပြန်မလာတော့ဘူးလား။p'winnyကစာတိုက်မသွားချင်လို့လိမ်ပြောနေတာလား။limingသွားတာ၂နှစ်တောင်ကျော်နေပြီလေ။
//Limingက..ပြန်မလာတော့ဘူးလားဟင်..?"
P'winnyကိုမျှော်လင့်တကြီးကြည့်ကာ လက်ဟန်ဖြင့်မေးမိတော့phiကသက်ပြင်းတစ်ချက်ချပြီးငါ့ခေါင်းကိုပုတ်ပေးလာ၏။'လာမှာပါ'ဆိုတဲ့စကားနဲ့အတူphiဟာ အလုပ်သွား
တော့မည်ဟူ၍ ငါ့ကိုနှုတ်ဆက်ပြီးထွက်သွားလေသည်။ထပ်ပြီး..ငါတစ်ယောက်ထဲကျန်ခဲ့ပြန်ပြီ..။ဒီအခန်းထဲမှာလေ။
လွန်ခဲ့တဲ့တစ်နှစ်ကphiတပ်ပေးသည့်နားကြားကိရိယာကြောင့် လူတွေနဲ့ဆက်ဆံဖို့အတွက်ငါ့အတွက်အရင်ကလောက်မခက်ခဲတော့ပေ။
လူတွေရဲ့အသံကိုစစကြားရတုန်းက တအားဆူညံပြီးစူးတာမလို့နားစည်တွေနာပြီး ကြားရခက်ခဲပေမယ့်ခုချိန်မှာအတော်ပင်အသားကျနေပါပြီလေ။
ဖေဖေနဲ့မေမေကပတ္တရားကိုပြန်လာဖို့ခေါ်ပေမယ့် ငါမသွားချင်တာကြောင့်p'winnyနှင့်သာဘန်ကောက်မှာအတူနေဖြစ်သည်။
ညနေစောင်းပြီဖြစ်ရာ နေရောင်နွေးနွေးတို့ကပြတင်းပေါက်ကတစ်ဆင့် စာရေးစားပွဲလေးပေါ်သို့ဖြာကျလာပြီး သစ်ရွက်နုတို့က လေနှင့်အတူ စားပွဲတင်လေးပေါ်သို့လာတင်၏။
//လေရူးတွေ//
ပြတ်တောက်နေသည့်လျှပ်စစ်မီး..။ထိုင်ခုံပြာလေးပေါ်ထိုင်ရင်းအသစ်စက်စက် စာအိတ်ကလေးကို မျက်နှာငယ်စွာကြည့်ကာ အံဆွံထဲကစာအိတ်ပုံတွေထဲ အရင်လိုပဲထည့်လိုက်ရသည်။
Phiကညာနေတာ။ဟိုဘက်အိမ်ကအိမ်နီးချင်းလေးကပြန်မလာတော့ဘူး။သူတို့ပြောပြောနေတဲ့ဖုန်းနဲ့လည်းမဆက်သွယ်ဘူး။စာလည်းမပို့ဘူး။အကုန်လုံးကငါ့ကိုဝိုင်းလိမ်နေကြတာ။
![](https://img.wattpad.com/cover/349343860-288-k711832.jpg)
YOU ARE READING
mr.sunflower like me a lot (limingheart ff✅)
Fanfictionyour voice is my favorite songs dear Mr.sunflower♡ fanfiction main characters-limingheart total chapter-4(+1extra) hope you guys enjoy this💓