အပိုင်း (၁)

75 8 2
                                    

ကုမ္ပဏီအလုပ်တွေပြီးတော့ နားချိန်လေးရ
တာနဲ့ ယိုရှီ တစ်ယောက်ရုံးခန်းထဲက
ထွက်ဖို့ စိုင်းပြင်းနေပြီ..။

"ငါ..အရေးကြီးကိစ္စတွေအားလုံး စိစစ်ခဲ့
ပြီးလက်မှတ်ထိုးစရာရှိတာတွေကိုလဲ
အကုန်ထိုးခဲ့ပြီးပြီ...။ ကျန်တာမင်းပဲ
ကြည့်လုပ်လိုက်တော့ ဟာရူတို..."

သူ့ကိုမှာစရာရှိတာတွေမှာခဲ့ပြီး ရုံးခန်း
ထဲနေသုတ်သုတ် သုတ်သုတ် နဲ့သူ့ရဲ့
ဥက္ကဌ ကထွက်သွားခဲ့တယ်...။
ဒါကတော့ အခုနောက်ပိုင်းမှာဖြစ်နေကျ
ကိစ္စတစ်ခုပဲ...။
ရုံးအလုပ်တွေမအားလိုက်နဲ့... အားတာနဲ့
ဥက္ကဌ ကနေရာကနေလစ်ပြေးပြီး
သူ့အမျိုးသားလေးဆီသွားတတ်တယ်...။

ဟင်း....ဥက္ကဌ ကတကယ်တမ်းတအား
သနားစရာကောင်းတယ်....။
သူ့မှာ သူ့ဥက္ကဌ ကိုသနားလွန်းပေမယ့်
သူလဲမကူညီနိုင်တဲ့အဖြစ်မျိုးဆိုတော့
သနား​နေရုံကလွဲပြီး မတတ်နိုင်ဘူး...။
လွန်ခဲ့တဲ့တစ်နှစ်လောက်က ဥက္ကဌနဲ့
ဥက္ကဌအမျိုးသားနှစ်ယောက်ပဲ ဂျယ်ဂျူကို
အလည်သွားကြတော့ အဲဒီမှာမတော်တဆမှူ
တစ်ခုဖြစ်ခဲ့တယ်...။
ဥက္ကဌ ကဘာမှကြီးကြီးမားမားမဖြစ်ခဲ့ပေမယ့်
ဥက္ကဌ ရဲ့အမျိုးသားကတော့ ဦးခေါင်းကို
ပြင်းပြင်းထန်ထန်ထိခိုက်မိပြီးအကုန်လုံးကို
မေ့သွားခဲ့တယ်​လေ...။
ခေတ်စကားနဲ့ပြောရရင်တော့ ဇာတ်လမ်းတွဲ
တွေထဲကလိုအတိတ်မေ့သွားတာပေါ့...။
အဲဒီလို ရှားပါးတဲ့အဖြစ်ကလဲ ဥက္ကဌဆီမှာမှ
လာဖြစ်ရတယ်လို့...။
ဥက္ကဌက သူ့အမျိုးသားလေးကိုတုန်နေ
အောင်ချစ်တာကို အဲဒီလိုမျိုးဖြစ်သွားခဲ့တော့
ဥက္ကဌ ခင်ဗျာတော်တော်ကြီးစိတ်ထိခိုက်
သွားခဲ့ရတယ်...။
လပိုင်းလောက်အထိဘာမှလဲဟုတ်တိပက်တိ
မလုပ်နိုင်ဘူး...။
ပိုဆိုးတာက ဥက္ကဌရဲ့အမျိုးသားက ဥက္ကဌကို
မသိတဲ့သူစိမ်းတစ်ယောက်လိုပဲဆက်ဆံ
တော့တယ်...။
တစ်ခြားသူတွေဆိုရင်အဲဒီလောက်ကြီး
မဟုတ်ပေမယ့် ဥက္ကဌကိုဆိုရင်
ခါးခါးသီးသီးပဲ..။
အနားလဲလုံးဝအကပ်မခံဘူး..။

အဲဒါကြောင့် ဥက္ကဌကသူ့အမျိုးသားလေး
နဲ့ရင်းနှီးမှုပြန်ယူနေရတယ်​ပေါ့...။
အခုတော့ အဲဒီလောက်ကြီးမဆိုးတော့ပါ
ဘူး​လေ...။
ကြည့်လေ...အခုဆိုဥက္ကဌကအလုပ်လဲ
ကောင်းကောင်းပြန်လုပ်နေပြီ...။

BOOMERANGWhere stories live. Discover now